ကျိုက်မရော စက်တင်ဘာ ၂၆
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် လူမူဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်၉နာရီက အောင်သုခရပ်ကွက်ဓမ္မာရုံ၌ ပြုလုပ်ပေးလျက် ရှိသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ကျေးရွာပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်ကို မြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးကိုကိုလွင်က ရှင်းလင်းဆွေးနွေးပြီး ကျေးရွာများအရောက် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ပိတ်ရက်မရှိ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။
ယနေ့ပန်းခင်းစီမံချက်ဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ကျေးရွာပြည်သူ( ၁၀၅)ဦး အတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို နေ့ချင်းပြီး ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ချို မြတ်မြတ်ထွေး