ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဇီးကုန်းမြို့နယ်အတွင်း သတင်းသုံးနေထိုင်တော်မူသော ရဟန်း၊ သံဃာ၊ သီလရှင်တို့အား အခြေခံ စားသောက်ကုန်များလှူဒါန်း

ဇီးကုန်း စက်တင်ဘာ ၂၆


 

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်အတွင်း သီတင်းသုံးနေထိုင်တော်မူသော ရဟန်း၊ သံဃာ၊ သီလရှင်တို့အား ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသော အခြေခံစားသောက်ကုန်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ယနေ့နံနက်ပိုင်းက ဘုန်းတော်ကြီး ကျောင်းများသို့ သွားရောက် လှူဒါန်းခဲ့ကြသည်။


 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလအတွင်း ရဟန်း၊ သံဃာ၊ သီလရှင်များ ဆွမ်း  အဆင်ပြေ စေရန် အတွက် ဆန်၊ဆီ၊ ဆား၊ ပဲ စသည့် အခြေခံစားသောက်ကုန်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်အောင်၊ ဗိုလ်မှူး အာကာဖြိုးနှင့် အဖွဲ့ဝင်များက သမားတော်ကျောင်းတိုက်၊ ဇောတိကာရုံစာသင်တိုက်၊ မြို့ဦးပရိယတ္တိ စာသင်တိုက်နှင့် သုံးထပ်ကျောင်းတိုက် များသို့ သွားရောက်လှူဒါန်းခဲ့ကြသည်။


 

ဇီးကုန်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၁၃၂) ကျောင်း၌ သီတင်းသုံးနေထိုင်တော်မူသော ရဟန်း သံဃာ (၄၁၆) ပါးနှင့် သီလရှင် (၂၉) ပါး စုစုပေါင်း (၄၄၅) ပါးတို့အား ငွေကျပ်  (၅,၃၄၈,၉၀၀) ကျပ်တန်ဖိုးရှိ ဆန် (၈၉) အိတ်၊ ဆီ (၄၄၅) ပိဿာ၊ ပဲ (၂၂၂.၅) ပိဿာ၊ ဆား (၂၂၂.၅) ပိဿာကို မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့၏ စီစဉ်မှုဖြင့် ဌာနဆိုင်ရာများက အဖွဲ့များခွဲ၍ ကျေးရွာအုပ်စုများအရောက် လှူဒါန်းပေး လျက် ရှိကြောင်း သိရသည်။

တင့်ဆွေ