ပိုင်ကျုံ စက်တင်ဘာ ၂၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ရောဂါပိုး ကူးစက် ပြန့်ပွားမှုကို လျှော့နည်းစေရန်ရည်ရွယ်ပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် (၉)နာရီအချိန် တွင်ပိုင်ကျုံမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ပိုင်ကျုံမြို့အတွင်းရှိ သံဃာတော်များ၊ အသက်(၅၅)နှစ်အထက် သက်ကြီးရွယ်အိုများ၊ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံရကျန်ရှိသည့် နိုင်ငံဝန်ထမ်းများ၊ စေတနာဝန်ထမ်းများနှင့်ပရဟိတအဖွဲဝင်များကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ် (ပထမ)အကြိမ်၌ ဦးစားပေး အစီအစဉ်ဖြင့် ထိုးနှံပေးလျက်ရှိပြီး စက်တင်ဘာလ ၁၉ ရက် နေ့မှယနေ့အထိ ကာကွယ်ဆေးလာရောက်ထိုးနှံသူ(၃၅၂၇)ဦးရှိပြီး ကာကွယ်ဆေးမထိုးရသေးသည့် မိဘပြည်သူများ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် စက်တင်ဘာလ ၂၉ ရက်နေ့တွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရ သည်။
ထို့သို့ ဆောင်ရွက်ရာတွင်ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေး လာရောက်ထိုးနှံသူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်းတိုင်းတာပေးခြင်း၊ သွေးတွင်းအောက်ဆီဂျင်ပါဝင်မှုပမာဏ တိုင်းတာပေး ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာမှ ဝန်ထမ်းများနှင့်ဌာနဆိုင်ရာဝန်ထမ်းများက ကာကွယ် ဆေးထိုး နှံနိုင်ရာ တွင် အဆင်ပြေလွယ်ကူစေရန်အတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရှိရသည်။
ပိုင်ကျုံ (ပြန်/ဆက်)