အမြို့မြို့အနယ်နယ်သတင်းများ

Sep 26,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ပေါ်(၆) ရပ်ကွက်မှ ကိုဗစ်-၁၉ ရောဂါကာအတွင်း ခက်ခဲသည့် အိမ်ထောင်စုများထံသို့ ယနေ့ နံနက် ၉ နာရီခန့်က လှူဒါန်းခဲ့ကြောင်း သိရသည်။
Sep 26,2021
မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် မိုးရွာသွန်းမှုများ စဉ်ဆက်မပြတ် ဖြစ်ပေါ်နေပြီး ယမန်နေ့ နံနက်ပိုင်းက ရွာသွန်းခဲ့သောမိုးကြောင့် သရက်ခွကျေးရွာအနီးရှိ နေပြည်တော်- တောင်ညို - မြို့သစ်-ကံပြား (မကွေး) လမ်းမိုင်တိုင် ၃၃/၁နှင့်၃၃/၂ ကြားရှိ တံတား အမှတ်၂/၃၄ သရက်ခွချောင်းတံတားတွင် ကမ်းကပ်ခုံနှစ်ဘက်၏ အောက်မြေသားများအား ရေတိုက်စား မှုကြောင့် မြေဘောင်ပြိုကျပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။
Sep 26,2021
နွားထိုးကြီးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ဦးဆောင်၍ မြို့နယ် ဌာနဆိုင်ရာများ၊ ပရဟိတအဖွဲ့များ ပူးပေါင်း၍ အရှိန်ဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ကိုဗစ်ရောဂါကူးစက်ပြီးနောက် ပြန်လည်ကျန်းမာသူ၏ ရင်တွင်းစကားသံကို ဖော်ပြလိုက်ပါသည်။
Sep 26,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုရက်ပိုင်း မိုးအဆက်မပြတ် ရွာသွန်းနေမှုကြောင့် ကြီးအုံကြီးဝတမံတွင် မိုးရေဝင်ရောက်မှုများရှိနေပြီး တမံရေပိုလွှဲမှ ရေကျော်ကျလျက်ရှိရာ ယနေ့မွန်းတည့် ၁၂ နာရီအချိန် တိုင်းထွာချက်အရ တမံရေပိုလွှဲမှ (၄ ဒသမ ၇)ပေခန့် ဆက်လက် ရေကျော်ကျလျက်ရှိနေကြောင်း အဆိုပါ ကြီးအုံကြီးဝ တမံမှ တာဝန်ခံ(AE) ဦးစိုးတင့် ထံက သိရသည်။
Sep 26,2021
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ လူမူရေး ရာဝန်ကြီး ဦးအေးလိူင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့မွန်းလွဲပိုင်းတွင် ကသာခရိုင်၊ ထီးချိုင့်မြို့ရှိ ရွှေသင်္ဂဇာကျောင်းတိုက်၊ ဘဒ္ဒန္တသုန္ဒရ ဆရာတော်ကြီးထံ ဝါဆိုသင်္ကန်း၊ လှူဘွယ်ပစ္စည်းများနှင့် ဆွမ်းဆန်စိမ်းများ ဆပ်ကပ်လှူဒါန်းခဲ့ကြသည်။
Sep 26,2021
ကိုယ်ဝန်ဆောင်ချိန်ကာလမှ ကလေးအသက်(၂)နှစ်အထိ ရက်ပေါင်း(၁၀၀၀)ကာလအတွင်း အာဟာရပြည့်ဝစေရေး ၊ ကျန်းမာရေးနှင့် ညီညွှတ်သောအမူအကျင့်များ ကျင့်သုံးလာစေရေး အတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊လင်းခေးခရိုင်၊ မိုးနဲမြို့နယ် ကျေးရွာအုပ်စုများရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအားယနေ့နံနက် ပိုင်းကကျေးရွာများအရောက် ထောက်ပံ့ငွေများ သွားရောက်ပေးအပ်လျက်ရှိကြောင်း သိရသည်။
Sep 26,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် အခြေခံစားသောက်ကုန် ပစ္စည်းများအား သင့်တင့်မျှတသော စျေးနှုန်းများဖြင့် လိုက်လံရောင်းချ ပေးလျက်ရှိရာ ယနေ့နံနက် (၀၇:၀၀)နာရီအချိန်က မြို့နယ်အတွင်းရှိ အမှတ် (၂၀)ရပ်ကွက်၊ မြိတ်လမ်းနှင့် ဂျိုးဖြူလမ်းထောင့်တွင်လည်း ပြည်သူများ သန့်ရှင်းလတ်ဆတ်ပြီး စျေးနှုန်းသက်သာစွာ ဆက်လက်ဝယ်ယူစားသုံးနိုင်ရေး ရည်ရွယ်ချက်ဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ တိရစ္ဆာန်ဆေးကုနှင့် အသားထုတ်လုပ်ရုံ စီမံခန့်ခွဲမှုဌာန အစီအစဉ်ဖြင့် ဆက်လက် လိုက်လံ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
Sep 26,2021
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန် ရှိသူများ၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့များ စုပေါင်း၍ ရွှေမိုး တောင် ဘုရားပရဝုဏ်အတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ပြည်နယ် အစိုးရအဖွဲ့ရုံး၌ ပြည်နယ်အတွင်းရှိ တောင်သူများအတွက် ဓာတ်မြေသြဇာလိုအပ်ချက် ပြည့်မီစွာ ဖြည့်ဆည်းပေးနိုင်ရေး တာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်းဆောင်ရွက်ခြင်းတို့ကို ယမန်နေ့က ဆောင်ရွက်ခဲကြောင်း သိရှိရသည်။