အမြို့မြို့အနယ်နယ်သတင်းများ

Sep 26,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသူများကို ယနေ့နံနက် ၉ နာရီက စတင်ကာ ဆေးထိုးစုရပ်(၄)နေရာတွင် ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ သိရသည်။
Sep 26,2021
ရခိုင်ပြည်နယ် ၊ ရသေ့တောင်မြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးမထိုးရသေးသည့် အသက်(၁၈) နှစ်အထက် ဒေသခံပြည် သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) Phase-2 အား ပထမအကြိမ်အဖြစ်ထိုးနှံပေးခြင်းကို သတ်မှတ်စု ရပ်အသီးသီးတွင် စက်တင်ဘာ ၂၄ ရက်နေ့မှ စ၍ နံနက်၉ နာရီမှ ညနေ ၄ နာရီထိ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Sep 26,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ပဲခူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ယနေ့တွင် ပဲခူးမြို့ပေါ်ရှိ ရပ်ကွက်များသို့ လှည့်လည်အသိပညာပေး နှိုးဆော်ကြေညာခဲ့ကြကြောင်း သိရသည်။
Sep 26,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးရွာအဆင့် ခေါင်းဆောင်မှုနှင့် အစိမ်းရောင်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးစီမံကိန်း အသိပညာပေးခြင်း (ဆင့်ပွား) သင်တန်းအား စီမံကိန်းကျေးရွာ (၁၇)ရွာမှ ကော်မတီဝင်(၅၉)ဦးတို့အား Video Conferencing ဖြင့် (၅)ရက်ကြာ သင်တန်းပို့ချခဲ့မှုအပေါ် ပြန်လည်ရှင်းလင်း ဆွေးနွေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 26,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှုကို လျှော့နည်းစေရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့်ပြည်သူသို့ အသိပေးပန်ကြားချက်များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးရန် စုရပ်ဖြစ်သည့် ပိုင်ကျုံမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ကရင်၊ မြန်မာနှစ်ဘာသာဖြင့် ယနေ့နံနက်(၉)နာရီအချိန်က အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
Sep 26,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်၌ ဒေသခံပြည်သူများ၏ လှူဒါန်းငွေဖြင့် တရုတ်နိုင်ငံ WUXI ZHONGRUI ကုမ္ပဏီနှင့် ချိတ်ဆက်ဆောင်ရွက် ဝယ်ယူသည့် Oxygen Plant စက် အသစ် ယနေ့နံနက်ပိုင်း ကျောက်ကြီးမြို့သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
Sep 26,2021
ဧရာဝတီတိုင်းဒေသကြီးအစိုးရအစီအစဉ်ဖြင့်ထောက်ပံ့သော၂၀၂၁ခုနှစ်မိုးစပါးမျိုးစေ့ထုတ်တောင်သူများအားပုလဲဓာတ်မြေသြဇာထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေ ခန်းမ၌ ပြုလုပ်ခဲ့သည်။
Sep 26,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားကြီးတွင် တည်ဆောက်လျက်ရှိသော ဓါတ်လှေကားတာဝါ (Lift Tower နှင့် Walk Way Bridge) လျောက်လမ်း အတွက် သံဘောင်များ တပ်ဆင်နေပြီဖြစ်ကြောင်း ဓါတ်လှေကားဆောက်လုပ်ရေးကုမ္ပဏီ Project မန်နေဂျာ ဦးသန်းလွင်ထံမှ သိရသည်။