ဆီဆိုင် စက်တင်ဘာ ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကိုယ်ဝန်ဆောင် မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များကို နိုင်ငံတော်မှပေးအပ်သည့် ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိရာ ယမန်ရက်နေ့ နံနက် ၁၁ နာရီခန့်က သီရိရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်စာရေးတို့က အိမ်တိုင်ရာရောက် လိုက်လံပေးအပ်ခဲ့သည်။
အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ရာတွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များကို နိုင်ငံတော်မှ တစ်လလျှင် ငွေကျပ်တစ်သောင်းခွဲနှုန်းဖြင့် သုံးလတစ်ကြိမ် ထောက်ပံ့ပေးလျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ)လတို့အတွက် ဆီဆိုင်မြို့၊ သီရိရပ်ကွက်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်(၁၃)ဦး၊ အသက်နှစ် နှစ်အောက်ကလေးငယ်(၁၄)၊ တစ်ဦးလျှင် ငွေကျပ်လေးသောင်းခွဲစီဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ် (၁၂၁၅၀၀၀)ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကွက်စာရေး ဒေါ်သန်းသန်းဆင့်နှင့် သီရိရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဦးတို့က အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
မျိုးမြတ်