လှည်းကူး၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ဆောင်ရွက်ပေး

လှည်းကူး စက်တင်ဘာ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦး စီးမှူးရုံးမှ တာဝန်ရှိသူများက ဟိုင်းကူးကျေးရွာအုပ်စု၊ ဥယျာဉ်ဝကျေးရွာတွင် ယမန်နေ့မွန်းလွဲပိုင်းက ပန်းခင်းစီမံချက် အစီအစဉ်ဖြင့် နိုင်ငံသားစိစစ် ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးနေမှုအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းဦးစီး မှူးဦးအောင်ဝင်းသိန်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ပြီး ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနုတ်ဆက် အားပေးစကားများပြောကြားခဲ့ကာ ပြည်သူတစ်ဦးချင်းလက်ဝယ်သို့ ဆောင်ရွက်ပြီးနိုင်ငံ သားစိစစ် ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို လွှဲပြောင်းပေးအပ်ခဲ့ကြသည်။

လှည်းကူးမြို့နယ်အတွင်း၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း ၃၁၂ စု၊ အသက် (၁၆) နှစ်အထက်ပြည်သူ ၂၃၅၀ ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ကြောင်း ပြည်သူ့အင်အားဝန်ကြီးဌာန၊ လှည်းကူး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာမြို့နယ်ဦးစီးမှူးဦးညီဇော်ဌေးထံက သိရှိရသည်။

ကျော်ကျော်(ပြန်/ဆက်)