ကော့ကရိတ် စက်တင်ဘာ ၂၆
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့ စာကြည့်တိုက်၌ ယမန်နေ့ နံနက် ၁၀နာရီခွဲ အချိန်က မသန်စွမ်းဆိုင်ရာ အသိပညာပေး နံရံကပ် စာစောင်များကို ပြသထားရှိရာ စာဖတ်ပရိတ် သတ်များနှင့် ပြည်သူများမှ စိတ်ပါ ဝင်စားစွာ လာရောက်ကြည့်ရှုလေ့လာလျက်ရှိကြောင်း သိရသည်။
အဆိုပါ နံရံကပ်စာစောင်တွင် ကြိုဆိုဂုဏ်ပြုရမည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့၊ မသန်စွမ်းသူများနှင့် သက်ဆိုင်သော ကိုဗစ် - ၁၉ ရောဂါဆိုင်ရာ အသိပညာပေး လက်ကမ်း စာစောင်များ၊ လူတိုင်းအကျုံးဝင်ပညာရေး၊သက် ကြီးရွယ်အိုများတွင် အနည်းဆုံး မသန်စွမ်းမှု တစ်မျိုးမျိုး ခံစားနေရမှုများ၊ မြန်မာနိုင်ငံကိုယ်အင်္ဂါမသန်စွမ်းသူများ အသင်း ပေါ်ပေါပေါ်ပေါက် လာပုံနှင့် မသန်စွမ်းသူများ၏ အလုပ်အကိုင်အခွင့်အလမ်းစသည့် အကြောင်းအရာများ ပါဝင် ကြောင်း သိရသည်။