ဝေါမြို့နယ် အုတ်ဖို(၂) ဘုန်းကြီးကျောင်းမှ ရဟန်း(၄)ပါးနှင့် ကိုဗစ်-၁၉ ပိုးတွေ့ရှိ လူနာသစ် (၃)ဦး ထပ်မံတွေ့ရှိ

ဝေါ စက်တင်ဘာ ၂၇

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၌ ယမန်နေ့ ညနေပိုင်းအထိ မြို့နယ်ကျန်းမာရေးဦးစီးဌာန၏ Test Kit (RDT) ဖြင့် ဝေါမြို့နယ် ကျန်းမာရေးဦးစီးဌာနရှိ ကျန်းမာရေးဝန်ထမ်းများမှ အဖွဲ့များခွဲ၍ ဝေါမြို့ပြည်သူ့ ဆေးရုံဟောင်း၊ ညောင်ခါးရှည်ကျေးရွာစျေး၊ ကျေးရွာအုပ်စု (၁၂)အုပ်စုနှင့် ဘုန်းတော်ကြီးကျောင်း (၁၀) ကျောင်းတို့မှ အနံ့ပျောက်သံသယရှိသူ လူနာ (၄၂၃) ဦးအား Test Kit (RDT) ဖြင့် စစ်ဆေးခဲ့ရာ အုတ်ဖို (၂) ဘုန်းကြီးကျောင်းမှ ရဟန်း (၃) ပါး၊ ဖအောင်ဝဲကျေးရွာ ဒိုက်ဦးမြို့မှ ရဟန်း(၁)ပါးနှင့် ညောင်ခါးရှည်ကျေးရွာစျေး အမျိုးသမီး(၁)ဦး၊ ဂွေ့ကြီးကျေးရွာအမျိုးသမီး(၁)ဦး၊ လေးအိမ်စုကျေးရွာ အမျိုးသား(၁)ဦး စုစုပေါင်း ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာအသစ် (၇)ဦး ထပ်မံတွေ့ရှိခဲ့ပြီး ယမန်နေ့ထိ ဝေါမြို့နယ် တွင် ပိုးတွေ့သူ စုစုပေါင်း(၁၆၅၅) ဦးရှိပြီး ဆေးရုံမှ ဆင်းခွင့်ရသူ (၁၅၁၃) ဦး၊ အခြားမြို့နယ်ပြောင်းရွှေ့ (၅) ဦး၊ ဝေါမြို့နယ်အတွင်း Positive လူနာ စုစုပေါင်းဆေးရုံလက်ကျန် လူနာ (၂၆) ဦးနှင့် ယနေ့ထိ သေဆုံးသူ စုစုပေါင်း (၁၁၁) ဦးရှိကြောင်း ဝေါမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီမှ သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဦးဆောင်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာများ၊ ကြက်ခြေနီ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များက ပူးပေါင်း၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန်ဆက်)