ပိုင်ကျုံ စက်တင်ဘာ ၂၆
ကရင်ပြည်နယ်၊ဘားအံခရိုင်၊ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှုကို လျှော့နည်း စေရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ပြည်သူသို့ အသိပေး ပန်ကြားချက်များအား ကိုဗစ်-၁၉ ရောဂါ ကွယ်ဆေးထိုးရန် စုရပ်ဖြစ်သည့် ပိုင်ကျုံမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကရင်၊မြန်မာနှစ်ဘာသာဖြင့် ယနေ့နံနက်(၉) နာရီအချိန်က အသိပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။
ထိုသို့အသိပညာပေးနှိုးဆော်ချက်များကို၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သက်ဆိုင်ရာတာဝန်ရှိသူတို့က ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံသည့် ဒေသခံပြည်သူများ ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်ရမည့် နည်းလမ်းများကို ပိုမိုသိရှိစေရန် ရည်ရွယ်၍ မိဘပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး အိမ်တွင်း၌သာနေထိုင်ပါ။ သို့မှာသာ ရောဂါကွင်းဆက် ပြတ်တောက်ပြီးကူးစက်မှုကို ထိထိရောက်ရောက် ကာကွယ်နိုင်မှာ ဖြစ်ပါသည်။ ပြင်ပမှလာသော ဧည့်သည်များလက်မခံကြပါရန်နှင့် မိမိတို့ကလည်း အခြားသူများထံ
သွားရောက်ခြင်းမပြုကြရန်၊ အရေးကြီးကိစ္စကြောင့် အပြင်ထွက်ရပါက ပါးစပ်နှင့်နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်ပါ၊ အခြားသူများနှင့်ခပ်ခွာခွာနေပါ၊ ပါးစပ်နှင့်နှာခေါင်းစည်း မတပ်ထား သူများနှင့်တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းများမှ ရှောင်ကြဉ်ကြပါရန်၊ လူစုလူဝေး ပြုလုပ်ခြင်း၊ သွားလာခြင်းကို ရှောင်ကြပါ၊ အရာဝတ္တုတစ်ခုခုကိုကိုင်တွယ်ပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် စက္ကန့်(၂၀)ကြာအောင်စနစ်တကျဆေးကြောကြပါ၊ လက်ကိုဆေးကြောခြင်းမပြုဘဲ ပါးစပ်နှာခေါင်းနှင့် မျက်စိတို့ကို ပွတ်သတ်ခြင်း၊ ကိုင်တွယ်ခြင်းနှင့်ထိတွေ့ခြင်း မပြုလုပ်ကြပါရန်၊ လေဝင်လေထွက် မကောင်းသော အခန်းများ သွားလာခြင်းမှရှောင်ပါ၊သက်ကြီးရွယ်အိုများနှင့်ဆီးချို၊ သွေးတိုးနှင့် နှလုံးရောဂါအခံရှိသူများ ရောဂါကူးစက်ခံရပါက ဝေဒနာ ပြင်းထန်စွာခံစားရပြီးအသက်အန္တရာယ် ထိခိုက်နိုင်ပါသည်၊ မိမိတို့၌ရောဂါပိုး ကူးစက်ခံနေရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှု ခံယူကြပါရန်၊ အလှည့်ရရှိသော ကာကွယ်ဆေး များကို မိမိတို့အတွက် အကောင်းဆုံးဖြစ်၍ ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံပါ၊ ကာကွယ်ဆေးထိုးပြီးသော်လည်း ရောဂါ ကာကွယ်ရေး နည်းလမ်းများကို ဆက်လက်လိုက်နာပါစသည့် ဆောင်ရန်/ရှောင်ရန်အချက်များနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးနောက် ဆောင်ရန်/ရှောင်အချက်များအား အသိပေးနှိုးဆော်ချက်များ ကြေညာပေး ခဲ့ကြောင်းသိရသည်။
ပိုင်ကျုံ (ပြန်/ဆက်)