မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နဂါးရုံဘုရား ပြီးစီးမှု သွားရောက်ကြည်ညို

မိုင်းယောင်း            စက်တင်ဘာ ၂၇

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူသည် ယမန်နေ့က ဝမ်ပုံကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင် ထပ်ဟိုဖိုင်စေတီတော် ပရဝုဏ်အတွင်း၌ နဂါးရုံဘုရား ပြီးစီးမှု အခြေအနေကို သွားရောက်ကြည့်ရှု ကြည်ညိုခဲ့ကြောင်း သိရသည်။

ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌသည် ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် စေတီတော်သွား အတက်လမ်း ကွန်ကရစ်ခင်းနေမှု အခြေအနေကို ကြည့်ရှုအားပေးခဲ့သည်။

ကပ်ရောဂါအန္တရာယ် ကင်းဝေးစေရန်စသည့် ကောင်းမှုကုသိုလ်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူ၏ မတည်လှူဒါန်းမှု၊ အဖွဲ့ဝင်(၂) ဦးစိုင်းဘွန်းစီ၏ ကြီးကြပ်ဆောင်ရွက်မှုနှင့်အတူ ရွာသူရွာသားများ၏ ပါဝင်လှူဒါန်းမှုများဖြင့် တည်ထားခြင်းဖြစ်ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း