ရှမ်းရွာသစ် စက်တင်ဘာ (၂၇)
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် လတ်တလောဖြစ်ပွားနေသည့် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုနှင့်ရောဂါကြောင့် သေဆုံးမှုကိုလျှော့ချစေရန်၊ ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးရန် ရည်ရွယ်၍ အသက်(၁၈)နှစ်အထက် ဒေသနေပြည်သူများတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို ရှမ်းရွာသစ်မြို့တိုက်နယ်ဆေးရုံတွင် ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရှိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းတွင် ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း များကမြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာများမှ ကာကွယ်ဆေးထိုးရန်ကျန်ရှိသည့် အသက်(၁၈)နှစ်အထက် ဒေသနေပြည်သူများအား ကိုယ်အပူချိန်တိုင်းတာ ပေးခြင်း၊ သွေးပေါင်ချိန်များတိုင်းပေးခြင်း၊ ရောဂါအခံရှိမရှိ မေးမြန်းခြင်း၊ သွေးအတွင်းအောက်စီဂျင်ပါဝင်မှုပမာဏတိုင်းပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးခြင်းနှင့် (၁၅)မိနစ်ခန့် အနားယူစေခြင်းတို့ကို သတ်မှတ်ချက်နှင့် အညီ ဆောင်ရွက်ပေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံနိုင်ရေးအတွက် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တာဝန်ရှိသူများတို့က ပူးပေါင်းပါဝင် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရှိရသည်။
ရှမ်းရွာသစ်(ပြန်/ဆက်)