ဘိုကလေး စက်တင်ဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ မဂူကျေးရွာအုပ်စု၊ ပိုးလောင်း ချောင်းတွင်း ကျေးရွာတွင် စက်တင်ဘာ(၂၄)ရက်နေ့၌ မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်တစ်လုံး ပြိုကျ ပျက်စီးခြင်းနှင့် စက်တင်ဘာ(၂၃)ရက်နေ့လည်း အလားတူလေပြင်းတိုက်ခတ်မှုကြောင့် ချောင်းဗြဲကြီးကျေးရွာအုပ်စု၊ ချောင်းဗြဲကြီးကျေးရွာတွင် နေအိမ်တစ်လုံး ပြိုကျပျက်စီးခဲ့ရာ ၎င်းလေဘေးသင့် အိမ်ထောင်စုဝင်များ၏ လက်ဝယ် အရောက် ယမန်နေ့ မွန်းလွဲလည်ပိုင်းတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ပေးအပ်ရာတွင် လေဘေးသင့်အိမ်ထောင်စု(၁)စုလျှင် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး၊ အိမ်ဆောက် ပစ္စည်းဖိုး ထောက်ပံ့ငွေ(၁)သိန်းကျပ်၊ (၇)ရက်စာ ဆန်ရိက္ခာ ထောက်ပံ့ငွေများနှင့် Surgical Mask များအား သက်ဆိုင်ရာ တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)