ကျိုင်းတုံမြို့နယ်အတွင်း ပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ အခမဲ့ ကွင်းဆင်း စစ်ဆေးပေးလျက်ရှိ

ကျိုင်းတုံ        စက်တင်ဘာ ၂၇

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု လျော့ချနိုင်ရေးအတွက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ အခမဲ့ ကွင်းဆင်းစစ်ဆေးပေးခြင်းကို ယမန်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှိုင်းမောင်မောင်၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ ပူးပေါင်း၍ နောင်ကုန်ကျေးရွာအုပ်စုတွင်  ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

ထိုသို့  ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရမှုရှိ၊မရှိ လူဦးရေ ၁၂၅ ဦးအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ရာ ရောဂါပိုးကူးစက်ခံရသူ  (၄) ဦး တွေ့ရှိခဲ့၍ ၎င်းတို့အား အတည်ပြုလူနာ ကုသဆောင်များသို့ စနစ်တကျပို့ဆောင်ပေးကာ ဆေးကုသမှုပေးလျက်ရှိကြောင်း သိရပြီး ကျန်ရှိသည့် ရပ်ကွက်၊ ကျေးရွာများသို့ ဆက်လက်ကွင်းဆင်း စစ်ဆေးဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။

ကျိုင်းတုံမြို့နယ်တွင် ယမန်နေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ  ၃၅၀၀ ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ ၂၈၈၇    ဦး၊ သေဆုံးသူ  ၆၇  ဦး၊ ဆေးကုသမှုခံယူသူ  ၅၄၆ ဦးရှိပြီး ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေး အသင်းအဖွဲ့များပူးပေါင်း၍ ရောဂါကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)