ကျွန်းစုမြို့တွင် ကိုဗစ်လူနာသစ် (၁၆)ဦးတွေ့ရှိရပြီး ဆေးရုံမှ ဆင်းသူ (၂၂)ဦးရှိ

ကျွန်းစု စက်တင်ဘာ ၂၇

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် စက်တင်ဘာလ (၂၅)ရက်နေ့နှင့် (၂၆)ရက်‌‌နေ့က ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးရာတွင် ပိုးတွေ့လူနာ  (၁၆)ဦး တွေ့ရှိရပြီး ဆေးရုံမှ ဆင်းသူ(၂၂)ဦး ရှိကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် ကျန်းမာရေးဝန်ထမ်းများက ဖျားနာနေသူများ၊ ရောဂါပိုးတွေ့ လူနာများ နှင့် ဆက်စပ်ထိတွေ့သူများအား (RDT)ဖြင့် စစ်ဆေးခဲ့ရာ ကံမော်ကျေးရွာမှ (‌၈) ဦး၊ စခန်း ကျေးရွာမှ(၁)ဦး၊ ရတောင်ကျေးရွာမှ (၄)ဦး၊ စခန်းသစ်ကျေးရွာမှ (၁)ဦး၊ မောင်းလှော်ကျေးရွာမှ (၃)ဦး၊ စုစုပေါင်း(၁၆)ဦး၌ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့သဖြင့် ကိုဗစ်-၁၉ရောဂါ ကြပ်မတ်ကုသဆောင်များတွင် ဆေးဝါးကုသမှုခံယူလျက်ရှိပြီး ဆေးရုံအသီးသီးမှ ဆေးရုံဆင်း သူ(၁၄)ဦး ရှိကြောင်းနှင့် သေဆုံးသူ(၂)ဦးရှိကြောင်း သိရသည်။ကျွန်းစုမြို့နယ်အတွင်း စက်ဘာလ(၂‌၆)ရက်နေ့အထိ ကိုဗစ်-၁၉ရောဂါပိုးကူးစက်ခံရသူ (၁၃၁၆)ဦး၊ ရောဂါပိုးကင်းစင်၍ ဆေးရုံမှဆင်းခွင့်ရသူ (၁၁၈၄)ဦးနှင့် သေဆုံးသူ(၂၆ဦး ရှိကြောင်း သိရသည်။

စည်သူရအောင်(ကျွန်းစု)