စဉ့်ကိုင် စက်တင်ဘာ -၂၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် အသက်(၅၅)နှစ် နှင့်မှ (၆၄)နှစ်ကြား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးတစ်ကြိမ်မျှ ထိုးနှံခြင်း မရှိသေးသည့် ပြည်သူများအား ယနေ့နံနက်(၉)နာရီက ပထမအကြိမ် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျှက် ရှိကြောင်းသိရသည်။
ထိုသို့ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် ကာကွယ်ဆေးရောက်ရှိမှု အပေါ်မူတည်၍ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတွင် ဒုမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသိမ့်အိသူ( ပြည်သူ့ကျန်းမာ) ၊ ပလိပ် တိုက်နယ် ဆေးရုံတွင် ဒေါက်တာ သက်ကိုကိုလွင် (ရောဂါနှိမ်နှင်းရေး) ကျောက်ဆည်တက္ကသိုလ်တွင် ဦးစောအေး (ကျန်းမာရေးမှူး) တို့ ဦးဆောင်၍ကျန်းမာရေး ၀န်ထမ်းများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ၀န်ထမ်းများ၊ မီးသတ်တပ်ဖွဲ့၀င်များ ပရဟိတအသင်းအဖွဲ့များ ပူးပေါင်း၍ အသက်(၅၅)နှစ်နှင့် (၆၄)နှစ်အကြား ပြည်သူများ၊ နိုင်ငံ့၀န်ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာ ကွယ်ဆေးများထိုးနှံပေးခဲ့သည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံသူများအား ကာကွယ်ဆေး ထိုးနှံခြင်း မပြုမီ လက်သန့်ဆေးရည်ဖြင့် လက်ဆေးစေခြင်း၊ ကိုယ်အပူချိန်တိုင်းခြင်း၊ သွေးပေါင်ချိန် တိုင်းပေးခြင်း ၊ နှာခေါင်းစည်း (Mask) များ စနစ်တကျ တပ်ဆင်စေခြင်း ၊ ဆေးမထိုးရအုပ်စု မှန် / မမှန် စီစစ်ပြီး ကာကွယ်ဆေးထိုးပြီးလျှင်ဆေးနှင့် ဓာတ်တည့်မခြင်း၊ ဘေးထွက် ဆိုးကျိုး လက္ခဏာများ တစ်စုံ တစ်ရာဖြစ်ပေါ်လာပါက ချက်ခြင်း အရေးပေါ်တုံ့ပြန် နိုင်ရန်အတွက် မိနစ်(၃၀)မိနစ်ခန့် စောင့်ကြပ်ကြည့် ရှုပေးခြင်းများ ဆောင်ရွက်ထားရှိပြီး
စက်တင်ဘာ (၂၄)ရက်နေ့အထိ ကာကွယ်ဆေးထိုးနှံပြီးသူ (၁၁၃၀) ဦး ရှိပြီး ဆေးတစ်လုံးလျှင် (၅) ဦးနှုန်းဖြင့် ဆေးအလုံးရေ (၂၂၆ )လုံး ထိုးနှံပေးပြီး ဖြစ်ရာကျန်ရှိသူများကိုလည်း ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း
သိရသည်။
၀င်း၀င်းသန်း(စဉ့်ကိုင်)