ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများဆိုင်ရာ အသွားအလာကန့်သတ်မှုများ အသိပေး နှိုးဆော်

ဘုတ်ပြင်း  စက်တင်ဘာ    ၂၇

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့သူ‌လျော့ကျသွား‌စေရေး အသိပေးနှိုးဆော်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနဝန်ထမ်းများက ယမန်နေ့ည (၇) နာရီက မြို့တွင်းလမ်းဆုံနေရာများတွင် အသံချဲ့စက်ဖြင့် အသိပေးကြေညာခဲ့သည်။

အဆိုပါ အသိပေးကြေညာချက်များတွင်‌ ဘုတ်ပြင်းမြို့နယ်အား Stay at Home သတ်မှတ်ထားသည့် အတွက်‌ ဈေးဝယ်ခြင်းနှင့် ကျန်းမာ‌ရေးကိစ္စမှအပ အကြေင်းကိစ္စမရှိပါက နေအိမ်ပြင်ပသို့ သွားလာခြင်း မပြုလုပ်ရန်‌၊ အိမ်အပြင်ထွက်လျှင် ပါးစပ်နှင့်နှာခေါင်း (Mask) ကို စနစ်တကျ တပ်ဆင်ထားပါ၊ လူအများနှင့် ထိတွေ့ဆက်ဆံပါက မျက်နှာအကာ (Face Shield) ကို တွဲဖက်တပ်ဆင်ပါ၊ တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာနေထိုင်လုပ်ကိုင်ပါ၊ လူစုလူဝေးရှောင်ပါ၊ လက်ကို စက္ကန့် (၂၀) ကြာ မကြာခဏ စနစ်တကျ ဆေးကြောပါ၊ အိမ်အပြင်သို့ ထွက်လေ့ရှိသူများ အနေဖြင့် အိမ်ရှိ အသက်(၆၀)နှင့်အထက် အသက်အရွယ်ကြီးရင့်သူ၊ ဆီးချို/သွေးတိုး/နှလုံးစသည့် နာတာရှည် ရောဂါအခံရှိသူများနှင့် အနီးကပ် နေထိုင်ခြင်း၊ အတူစားသောက်ခြင်းတို့မှ ရှောင်ကြဉ်ပါ၊ ပါးစပ်နှင့်နှာခေါင်း (Mask) မတပ်ဆင်ထားသော ဈေးရောင်းသူများထံမှ ဈေးမဝယ်ပါနှင့်  တစ်ဦးနှင့် တစ်ဦး အချင်းချင်း အသိပေး၊ သတိပေးပါ၊ ကာကွယ်ဆေးထိုးနှံပြီးသော်လည်း ကာကွယ်ရေး နည်းလမ်းများကို ဆက်လက်လိုက်နာပါ ၊မဖြစ်မနေ ဈေးဝယ်ထွက် ရန်အတွက် တစ်အိမ်လျှင် (၁) ဦးသာ သွားရောက်ရန် စသည့်  အသိပေးကြေညာချက်များအား ပြည်သူများအနေဖြင့် ပူး‌‌ပေါင်းပါဝင် လိုက်နာဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်ချက်များ ပါရှိကြောင်း သိရသည်