အလှူရှင်များက သီလရှင်စာသင်တိုက်များသို့ ကုန်စိမ်းသီးနှံများ သွားရောက်လှူဒါန်း

မန္တလေး စက်တင်ဘာ ၂၇

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် အလှူရှင်များက သီလရှင်စာသင်တိုက်များသို့ ကုန်စိမ်း သီးနှံများ သွားရောက်လှူဒါန်းခြင်းကို ယမန်နေ့နံနက် ၉ နာရီက မန္တလေးတောင်ခြေရှိ သီလရှင် စာသင်တိုက် (၄) တိုက်သို့ သွားရောက်လှူဒါန်းကြခြင်း ဖြစ်သည်။

အောင်မြေသာစံမြို့နယ်၊ သီရိမာလာအနောက်ရပ်ကွက်နေ အလှူရှင် ဦးအောင်မိုးနိုင် "အောင်မိသားစု ကုန်စိမ်းရောင်းဝယ်ရေး"နှင့် ဦးရန်လေး "ပွင့်သစ်ငါးပုဇွန်ရောင်းဝယ်ရေးမိသားစု" တို့မှ မန္တလေး တောင်ခြေရှိ သီလရှင်စာသင်တိုက်များ ဖြစ်ကြသည့် သမ္ဗုဒ္ဓေပရိယတ္တိ သီလရှင်စာသင် တိုက်၊ ဇေယျာသီရိ ပရဟိတစောင့်ရှောက်ရေး သီလရှင်ကျောင်း၊ ဇိနောဒယပရိယတ္တိ သီလရှင်စာသင်တိုက်၊ အတုလဝတီပရိယတ္တိ သီလရှင် စာသင်တိုက်များအား ကုန်စိမ်းသီးနှံမျိုးစုံတို့ကို သွားရောက်လှူဒါန်းခြင်း ဖြစ်ကြောင်း သိရသည်။

ဇော်လင်းဦး(အောင်စံ)