နတ်မောက်မြို့နယ်၌ နတ်မောက်ဆည်ရေလှောင်တမံရေပိုလွှဲမှ ရေကျော်လျက်ရှိ

နတ်မောက်   စက်တင်ဘာ   ၂၇                                                           

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၌ နတ်မောက်ဆည်ရေလှောင်တမံသည် ရေပိုလွှဲမှ ရေကျော်ကျ  လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ရေပြည့်အမှတ်ထက်ကျော်လွန်၍ ရေပိုလွှဲမှရေကျော်ကျလျက်ရှိကြောင်း  မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှသိရသည်။

 

အဆိုပါနတ်မောက်ဆည်ရေလှောင်တမံ၏ ရေပြည့်အမှတ်သည် (၆၈၃)ပေဖြစ်ပြီး ယနေ့နံနက်(၆)နာရီအချိန် တိုင်းထွာချက်အရ လက်ရှိရေအမှတ်မှာ(၆၈၄.၇)ပေရှိသည့်အတွက် ရေပြည့်အမှတ်ထက် (၁.၇)ပေ ရေပိုလွှဲမှရေကျော်ကျလျက်ရှိပြီး နတ်မောက်ဆည်ရေလှောင်တမံနှင့်အဆောက်အအုံများမှာ အားလုံးကြံ့ခိုင် ကောင်းမွန်၍ စိုးရိမ်ဖွယ်ရာမရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံးမှ သိရသည်။    

 

လှဝင်း (နတ်မောက်)