မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ရောဂါအတည်ပြုလူနာ(၅)ဦး ထပ်မံတွေ့ရှိ

မိုင်းလုံ  စက်တင်ဘာ ၂၇

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ကိုဗစ်-၁၉ရောဂါပိုးတွေ့ အတည်ပြုလူနာ (၅)ဦးထပ်မံတွေ့ရှိကြောင်းကို မိုင်းလုံမြို့ တိုက်နယ်ကျန်းမာရေး ဌာနမှ  တာဝန်ရှိသူတစ်ဦးထံက သိရသည်။

မိုင်းလုံမြို့အထက်ရပ်ကွက်မှ နေမကောင်း၊   အနံ့မရသောကြောင့် အထက်ရပ်ကွက်နေ အမျိုးသား(၃)ဦး၊ ပိုးတွေလူနာနှင့်ထိတွေ့ဆက်စပ်သူ အမျိုးသမီး(၁)ဦး အမျိုးသား(၁)ဦး တိုက်နယ် ကျန်းမာရေးဌာနသို့ သွားရောက်ပြသရာ တာဝန်ရှိသူများက RDT Test Kit ဖြင့် စစ်ဆေးပြီး  ပိုးတွေ့သဖြင့် ပိုး‌တွေ့လူနာများကို Quarantine Centreတွင် သီးသန့်ထားရှိ၍  ဆေးကုသ ကိုဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပိုးတွေ့လူနာနှင့်ထိစပ်သူများကို( Stay at Home ) ထားရှိမည်ဖြစ်ကြောင်း၊ တိုက်နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူများကလည်း မနက် တစ်ကြိမ်၊ ညနေ တစ်ကြိမ်ပိုးတွေ့လူနာများကို နေ့စဉ် ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

မိုင်းလုံမြို့သည် ဇူလိုင်(၁၈)ရက်နေ့တွင် စတင်၍ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ရာ ယနေ့အချိန်ထိ ရောဂါပိုးတွေ့ရှိသူ အမျိုးသား(၅၆)ဦး အမျိုးသမီး(၆၀)ဦး စုစုပေါင်း (၁၁၆)ဦး ရှိကြောင်း၊ ကျန်းမာလာ၍ဆေးရုံမှဆင်းခွင့်ရသူ(၇၃)ဦး  ဆေးကုသမှုခံယူသူ (၄)ဦး၊ သေဆုံးလူနာ(၂)ဦးရှိကြောင်း ကို  တိုက်နယ် ကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရသည်။

ဇော်ဇော်(ပြန်/ဆက်)