မိုးမိတ် စက်တင်ဘာ ၂၈
ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ပရဟိတလူမှုကူညီရေးအသင်းများသို့ ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၁ နာရီအချိန်တွင် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ပေးအပ်ရာတွင် မိုးမိတ်မြို့ပါရမီရှင်လူမှုကူညီရေးအသင်းသို့ PPEဝတ်စုံ (Level - 3 ) (၂၀) စုံ၊ ဖိနပ် (၆) ရံ ၊ ခေါင်းစွပ် (၁၀၀) ခု၊ Handsanitizer ( ၁၂) ဘူး ၊ N -95 (၂၀) ခု၊ Surgical Mask (၁၀၀) ခု ကိုလည်းကောင်း ၊ ဘော်ဒေမေတ္တာအလင်း လူမှုကူညီရေးအသင်းသို့ PPE ဝတ်စုံ(Level – 3 ) (၂၀) စုံ၊ ဖိနပ် (၅) ရံ၊ လက်အိတ် (၁၀၀) ၊ Handsanitizer (၁၂) ဘူး ၊ Surgical Mask (၁၀၀) ခု တို့ကိုလည်းကောင်း ပေးအပ်လှူဒါန်းကာ ကိုဗစ် ၁၉ ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရေးအတွက် ပေးအပ်ခဲ့ခြင်း ဖြစ်သည်ဟု ခရိုင်လူမှုဝန်ထမ်း ဦးစီးဌာနမှ ဦးစီးမှူး ဒေါ်စမ်းသီတာနိုင်က ပြောကြားခဲ့ကြောင်းသိရသည်။
မိုးမိတ်သား(စည်သူဌေး)