ပန်းတနော်၊ စက်တင်ဘာ ၂၈
(၁၅) ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ပန်းတနော် မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များအလိုက် ခွေးရူးပြန်ရောဂါကာကွယ်ဆေး အစုလိုက်ထိုးနှံခြင်း လုပ်ငန်းကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် အခမဲ့ လိုက်လံ ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ခွေးရူးပြန်ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအောင်သိန်းမြင့်နှင့် ဝန်ထမ်းများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူး များနှင့် တာဝန်ရှိသူများကမြို့ပေါ်ရပ်ကွက်များအတွင်း အိမ်တိုင်ရာရောက် အခမဲ့လိုက်လံထိုးနှံ ပေး လျက် ရှိပြီး ပန်းတနော်မြို့နယ်အနေဖြင့် ခွေးရူးပြန်ရောဂါကာကွယ်ဆေး အလုံး( ၅၀) ရရှိထား ကြောင်း သိရသည်။
မြို့နယ်(ပြန်/ ဆက်)