ပေါက်တော စက်တင်ဘာ ၂၈
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ် ဆက်လက်ထိုးနှံပေးခြင်းကို ပေါက်တောမြို့ပေါ်ရှိ သာသနာ့ဗိမာန်စုရပ်နှင့်၊ ကျေးလက်ကျန်းမာရေးဌာနစုရပ် (၁)နေရာတို့တွင် ယနေ့နံနက် (၁၀)နာရီက ဆက်လက်ထိုးနှံပေးသည်။
ဒုတိယအသုတ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်းအောက်ဆီဂျင် ပမာဏတိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ကြပြီး ကာကွယ်ဆေးဆက်လက်ထိုးနှံပေးကြသည်။
ကာကွယ်ဆေးထိုးနှံပေးရာသို့ ဌာနအသီးသီးမှ ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်းဝင်များနှင့် စေတနာ့ဝန်ထမ်းများက လိုအပ်သည်များကို ဆောင်ရွက်ပေးခြင်းပြုလုပ်ပေးကြသည်။ တဆက်တည်းမှာပင်၊ ကျောက်စုကျေးလက်ကျန်းမာရေးဌာစုရပ်သို့ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ကြီးကြပ်ခြင်းများ ဆောင်ရွက်ကြလျက်၊ ကျေးရွာရှိစေတနာ့ဝန်ထမ်းများက လိုအပ်သည်များကို ဆောင်ရွက်ခြင်းများ ပြုလုပ်ပေးကြသည်။
ပေါက်တောမြို့ပေါ်စုရပ်နှင့်၊ ကျေးလက်ကျန်းမာရေးဌာနစုရပ် (၁)နေရာတို့တွင် စက်တင်ဘာ(၂၇)ရက်နေ့ထိ ဆေးထိုးရန်ရောက်ရှိလာကြသည့် အသက်(၅၅)နှစ်နှင့် (၆၅)နှစ်အောက် (၁၃)ဦး၊ အသက်(၆၅)နှစ်အထက် (၁၀)ဦး၊ နိုင်ငံဝန်ထမ်း (၁)ဦး၊ နိုင်ငံဝန်ထမ်းမိသားစု (၁)ဦး၊ ပရဟိတ Volunteer (၂၆)ဦး၊ ဈေးသည် (၉)ဦး အပါအဝင် စုစုပေါင်း(၆၀)ဦး လာရောက်ထိုးနှံကြကြောင်း သိရသည်။
ကျော်သန်း