ဘိုကလေး စက်တင်ဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် တိရစာ္ဆန်မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာနမှ ယနေ့ စက်တင်ဘာ (၂၈)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ခွေးရူးရောဂါ တိုက်ဖျက်ရေး နေ့ အထိမ်းအမှတ်အဖြစ် ခွေးရူးရောဂါ ကာကွယ်နိုင်ရေးနှင့် ဖြစ်ပွားမှုမရှိစေရေး အတွက် အိမ်မွေး တိရစာ္ဆန် ခွေး၊ ကြောင်များအား ယနေ့နံနက်(၉)နာရီမှ စတင်၍ ကာကွယ်ဆေးများ အခမဲ့ထိုးနှံပေး သည်။
ထိုးနှံရာတွင် တိရစာ္ဆန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာ ကျော်မိုးဝင်း ကြီးမှူး၍ ဌာနဝန်ထမ်းများနှင့်အတူ ခွေး(၃၂)ကောင်နှင့် ကြောင်(၁၈)ကောင် အခမဲ့ထိုးနှံပေး ခဲ့ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)