ကျိုင်းတုံမြို့၌ ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိ

ကျိုင်းတုံ စက်တင်ဘာလ ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၌ ကိုဗစ်-၁၉ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ရန်အတွက် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများကို စက်တင်ဘာလ ၂၈ ရက်နေ့တွင် မြို့ပေါ်ရပ်ကွက်များနှင့် လူသွားလူလာများ သည့် နေရာများတွင် တာဝန်ရှိသူများက  ကြပ်မတ်ဆောင်ရွက်ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးရေးမှူးများက ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ကျိုင်းတုံမြို့ပေါ်ရှိရပ်ကွက်များနှင့် လူသွားလူလာများသည့် နေရာများတွင် နေအိမ်ပြင်ပဝင်ထွက်သွားလာခွင့်ကတ်ပြားများ စစ်ဆေးခြင်း၊ နှာခေါင်းစည်း(Mask) တပ်ဆင် ခြင်းရှိ/ မရှိစစ်ဆေးခြင်းစသည့် ကိုဗစ်၁၉ရောဂါကူးစက်မှုထိန်းချုပ်နိုင်ရေးလုပ်ငန်းများကို ပူးပေါင်း ဆောင်ရွက် ကြသည်။

ကျိုင်းတုံမြို့နယ်၌ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ နေ့စဉ်တွေ့ရှိလာရပြီး၊ ရောဂါကူးစက်သူ များပြားလာခဲ့ခြင်းကြောင့် သြဂုတ်လ ၂၀ ရက်နေ့မှစ၍ နေအိမ်တွင်နေထိုင်ရေး (Stay At Home)အစီအစဉ်တွင် အကျုံးဝင်ခဲ့သဖြင့် တာဝန်ရှိသည့် ပူးပေါင်းအဖွဲ့များက ကိုဗစ်၁၉ရောဂါကူး စက်မှုထိန်းချုပ်နိုင်ရေး လုပ်ငန်းများကို စနစ်တကျဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စိုင်း‌ရွှေအောင်(ခရိုင်/ပြန်ဆက်)