နမ့်ဆန် စက်တင်ဘာ ၂၈
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဦးစီးဌာနအနေဖြင့် ပန်းခင်းစီမံချက်အရ မြန်မာနိုင်ငံသားများဖြစ် ကြသော တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေ စာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်ပြားတစ်မျိုးမျိုးထုတ်ပေးရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျှက်ရှိသည်။
အဆိုပါစီမံချက်ပါ သိမှတ်ဖွယ်ရာ လက်ကမ်းစာစောင်များကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ယနေ့နံနက်ပိုင်း၌ လူစည်ကားရာ မင်္ဂလာရပ်ကွက်လမ်းဆုံ၊ ပြည်သူ့ဆေးရုံရှေ့တို့တွင် ကိုဗစ်-၁၉ ဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ကွင်းဆင်း၍ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရသည်။
နန်းဆိုင်ပလောင်ဒေသ