မဘိမ်းမြို့နယ်၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိ

မဘိမ်း     စက်တင်ဘာ     ၂၈                                            

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် မြို့နယ်အတွင်းရှိ ကာကွယ်ဆေးထိုးရန် ကျန်ရှိသည့်ပြည်သူများနှင့် ဦးစားပေးအဆင့်တွင် ပါဝင်သူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ပထမအကြိမ်ထိုးနှံပေးခြင်းကို ဆေးထိုးစုရပ်သုံးနေရာခွဲ၍ ဦးစားပေးအုပ်စုအလိုက် ယနေ့နံနက် ၉ နာရီအချိန်မှစတင်၍ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ကာကွယ်ဆေးမထိုးမီ စာရင်းပေးသွင်းခြင်း၊ အပူချိန်တိုင်းတာပေးခြင်းနှင့် သွေးထဲတွင်ရှိသည့် အောက်ဆီဂျင်ပမာဏ တိုင်းတာပေးခြင်းတို့ကို ဦးစွာဆောင်ရွက်ပြီး ပုံမှန်အခြေအနေဖြစ်မှသာ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးရန် ကျန်ရှိ သည့်ပြည်သူများနှင့် ဦးစားပေးအဆင့်တွင် ပါဝင်သူများကို ကာကွယ်ဆေး (အခမဲ့) ထိုးနှံပေးခဲ့ကြသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးရာတွင် ကာကွယ်ဆေးထိုးရန် ကျန်ရှိသည့် မြို့နယ်အတွင်းရှိပြည်သူများနှင့် သတ်မှတ်အုပ်စုများတွင်ပါဝင်သူများကို အဆင်ပြေစွာ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ဆေးထိုးစုရပ်သုံးနေရာခွဲ၍ ထိုးနှံပေးခြင်းဖြစ်ပြီး ကာကွယ်ဆေး လာရောက်ထိုးနှံသူများ အဆင်ပြေစေရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းများက ပူးပေါင်းပါဝင်  ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မျိုးမင်း (ပြန်/ဆက်)