အင်္ဂပူ၊ စက်တင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်တွင် ယမန်နေ့ ည ၇ နာရီအချိန်တွင် အသက် ၅၅ နှစ်အထက် ပြည်သူများအား ကို ဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံရေး လှည့်လည် အသိပေးကြေညာခဲ့သည်။
အဆိုပါ လှည့်လည်နှိုးဆော်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှု ဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမှ ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက် ၅၅ နှစ်အထက် သက်ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးကို ထိုးနှံကြရန် အသံချဲ့စက်ဖြင့်မြို့ နယ်အတွင်းလှည့်လည် ကြေညာခဲ့ကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)