ဟိုပင်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး Mask များ တပ်ဆင်ခြင်း ရှိ/မရှိ ရှောင်တစ်ခင် စစ်ဆေးခြင်းနှင့် Mask များ အခမဲ့ဖြန့်ဝေ

ဟိုပင် စက်တင်ဘာ ၂၇        

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ကို Stay at home  ကာလ သတ်မှတ်ထားသည့် အတွက်  ယနေ့ နံနက် ၈ နာရီတွင် ဟိုပင်မြို့ ပြည်သူ့ဆေးရုံနှင့် ရွှေဘို−မြစ်ကြီးနား ကားလမ်း ဆုံတွင် လမ်းသွား/လမ်းလာ ပြည်သူများအား နှာခေါင်းစည်း Mask များ တပ်ဆင်ခြင်း ရှိ/မရှိ ရှောင်တစ်ခင် စစ်ဆေးခြင်းနှင့် နှာခေါင်းစည်း Mask များ အခမဲ့ ဖြန့်ဝေခြင်းကို မြို့အဆင့်  ကိုဗစ် ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီဥက္ကဋ္ဌ ဦးဝေလင်းအောင်နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မီးသတ်ဦးစီးမှူး ဦးသိန်းကျော်နှင့် တပ်ဖွဲ့၀င်များ၊ ရပ်မိရပ်ဖများနှင့် လူမှုရေးအသင်းအဖွဲ့၀င်များက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တိုးတိုးမေ(ဟိုပင်)