“နယ်စပ်‌ဒေသ မုံးကိုးမြို့၌ တိုင်းရင်းသားပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ဆက်လက်ထိုးနှံပေး”

 မုံးကိုး     စက်တင်ဘာလ ၂၇

ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့၊ အမှတ်(၅)ရပ်ကွက်၊ ထေရဝါဒဘုန်တော်ကြီးကျောင်း၌ရောက် ရှိ‌နေသည့် စစ်ဘေးရှောင်ပြည်သူများနှင့်ကာကွယ်ဆေး ထိုးရန်ကျန်ရှိသူများအားကိုဗစ်-၁၉‌ ရောဂါ ကာကွယ်ဆေးအားယနေ့ နံနက် ၁၀:၀၀နာရီအချိန်က အခမဲ့ဆေးထိုးနှံပေးခဲ့ကြောင်းသိရသည်။

ထိုသို့ကာကွယ်‌ဆေးထိုးနှံ‌ပေးရာတွင် မုံးကိုးမြို့၊ အမှတ်(၉၉၁)နည်းဗျူဟာက ဆရာဝန်(၂)ဦး၊ အထက်တန်းသူနာပြု(၁)ဦး၊‌ ဆေးအကူ(၂)ဦးတို့ကကာကွယ်ဆေးထိုးနှံပေးသည်။ ကာကွယ်ဆေး စနစ်တကျထိုးနှံနိုင်ရေးအတွက် ကာကွယ်ဆေးမထိုးမီ ဆေးလာရောက်ထိုးနှံသူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးတွင်းအောက်ဆီဂျင်ပါဝင် မှုပမာဏတိုင်းတာပေးခြင်းများဆောင်ရွက်ပေးပြီး Sinopharm ကိုဗစ်-၁၉‌ ရောဂါ ကာကွယ်ဆေး ကိုပထမအကြိမ်ထိုးနှံပေးသည်။ထို့ပြင် အသက်(၁၈)နှစ်ပြည့်ပြီး ကာကွယ်ဆေးထိုးသူများ အား  စာရင်းဇယားမှတ်တမ်းယူခြင်းလုပ်ငန်းများလည်း‌ ဆောင်ရွက်သည်။ မုံးကိုးမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို စတုတ္ထအသုတ်ဆက်လက် ထိုးနှံပေးခြင်းဖြစ်ပြီး မုံးကိုးမြို့ရှိ ထေရဝါဒဘုန်း‌တော်ကြီးကျောင်းရှိ စစ်ဘေးရှောင်ပြည်သူများနှင့်ကာကွယ်‌ဆေးထိုးရန်ကျန်ရှိသူ စုစုပေါင်းလူဦးရေ(၁၅၀)ဦးအား Sinopharm ကိုဗစ် ၁၉ ရောဂါ ကာကွယ်ဆေးအား ပထမအကြိမ်ထိုးနှံပေးသည်။ မုံးကိုးမြို့တွင် အသက်(၆၅)နှစ်အထက်အဘိုးအဖွားများအပါအဝင် ကိုဗစ် ၁၉ရောဂါကာကွယ်ဆေးကို ပထမအသုတ်၌ လူဦးရေ(၆၀၀)၊ ဒုတိယအသုတ်၌ လူဦးရေ(၃၀၀)၊ စုစုပေါင်းလူဦးရေ(၉၀၀)အား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအကြိမ် ပြည့်ထိုးနှံပေးထားပြီးဖြစ်သည်။ မုံးကိုးမြို့၌ကိုဗစ်-၁၉‌ရောဂါကာကွယ်‌ ဆေးပထမအကြိမ် အဖြစ်လူဦး‌ရေ(၃၀၀၀)ကျော်ထိုးနှံပေးထာပြီးဖြစ်ပြီး ကာကွယ်ဆေး ထိုးရန်ကျန်သည့် တိုင်းရင်းသား ပြည်သူများအားလုံးကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးသွား မည်ဖြစ်သည်။

အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကိုမြို့အုပ်ချုပ်ရေးမှူးဦးမျိုးမင်းထွန်းနှင့်ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ယဉ်ကျေးမှုအဖွဲ့များ၊ ပရဟိတအဖွဲ့များက လိုအပ်သည့်နေရာများ တွင်ပံ့ပိုး ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရှိရသည်။

သန်းဇော်ဦး(မုံးကိုး)