ရေး စက်တင်ဘာ ၂၇
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြင့် ပြည်သူ့ဆေးရုံနှင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကုသဆောင်တွင် ဆေးရုံတက်ရောက်ကုသမှုခံယူပြီး ပြန်လည်ကောင်းမွန်လာသည့် အသက်(၆၀)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ၊ မသန်စွမ်း၊ ကိုယ်ဝန်ဆောင်သည်နှင့် အသက် (၅)နှစ်အောက် ကလေးစုစုပေါင်း (၁၅၂)ဦးတို့အား မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ယနေ့နံနက် က ကာယကံရှင်များ လက်ဝယ်အရောက် ထောက်ပံ့ငွေများကို သွားရောက် ထောက်ပံ့ပေးလျက်ရှိ ကြောင်း သိရသည်။
အဆိုပါထောက်ပံ့ငွေများကို မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦကျော်ကျော်ဦးနှင့် ဝန်ထမ်းများသည် ရပ်ကွက်/ကျေးရွာများ အတွင်းရှိ ကိုဗစ်-၁၉ ရောဂါဖြင့် ပြည်သူ့ဆေးရုံနှင့် ကိုဗစ်-၁၉ ရောဂါ ကုသဆောင်များတွင် ဆေးရုံတက်ရောက်ကုသပြီး ပြန်လည်ကောင်းမွန်လာသူများထံသို့ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ရာ တစ်ဦးလျှင် (၃၀၀၀၀/-) ကျပ်နှုန်းဖြင့် (၁၅၂)ဦးအတွက် စုစုပေါင်းငွေကျပ် (၄၅၆၀၀၀၀/-)တိတိကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ခင်သိမ့်သိမ့်ရည်