ရေးမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ

ရေး      စက်တင်ဘာ    ၂၇

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် နာရီက အမှတ်(၆၁) ခြေလျင်တပ်ရင်း၊ တပ်တွင်းခန်းမ၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဌေးဝင်း က တပ်ရင်းမိသားစုများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံစိစစ်ရေး ကတ်ပြား ပြုလုပ်ပေးရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး နိုင်ငံသားစိစစ်ရေးကတ် ပြားများနှင့် အိမ်ထောင်စုစာရင်းများကို ပိတ်ရက်မရှိ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။

ထိုသို့ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား (၇၀)နှင့် အိမ်ထောင်စုစာရင်း (၁၀၇)ခုတို့ကို နေ့ချင်းပြီးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခင်သိမ့်သိမ့်ရည်