ကော့သောင်း စက်တင်ဘာ ၂၉
ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ပြည်သူလူထုအတွင်း ခွေးရူးရောဂါ ကူးစက်မှု ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေး ကမ္ဘာ့ခွေးရူးရောဂါကာကွယ် တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ခွေးရူးရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံခြင်းကို ယမန်နေ့ နံနက် (၉) နာရီမှစတင်၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ် အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ ဌာနဆိုင်ရာရုံးများနှင့် အေးမြကန်သာရပ်ကွက်ရှိ ခွေးဂေဟာ တို့ရှိ စုစုပေါင်း (၃၂၀) ကောင်အား စက်တင်ဘာ၂၈၊၂၉ ရက်နေ့များတွင် ခွေးရူးရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။
ဖြိုးပိုင်(ကော့သောင်း)