ကရသူရိ စက်တင်ဘာ ၂၉
တနင်္သာရီတိုင်းဒေသေကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၁၁ နာရီက မြို့ပေါ်ရပ်ကွက် များတွင် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
ထို့သို့ ဆောင်ရွက်ခြင်းကို မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးအေးမျိုးအောင် ဦးစီး၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ ကိုဗစ်-၁၉ ရောဂါကို မိမိကစ၍ ကာကွယ်ပြီး တစ်ခြားသူများသို့ ကူးစက်ပျံပွားမှု မရှိစေရေးအတွက် မိဘပြည်သူများ အပြင်ထွက် သွားလာတိုင်း နှာခေါင်းစည်း (Mask) ကိုတပ်ဆင်ထားကြပါ၊ နှာခေါင်းစည်း (Mask) တပ်ဆင်မထားသူများနှင့် တွေ့ဆုံစကား ပြောဆိုခြင်း ရှောင်ကြဉ်ကြပါ၊ လက်ကို မကြာခဏ ဆပ်ပြာနှင့် စက္ကန့် (၂၀) ကြာအောင် စနစ်တကျဆေးကြောပေးကြပါ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို နှစ်ကြိမ်ပြီးစီးအောင် ထိုးနှံထားကြရန်၊ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါအခံ ရှိသူများကို ရောဂါကူးစက်မှုမခံရအောင် ဂရုပြုနေထိုင်ကြရန်၊ ရောဂါကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ ဆေးကုသမှုခံယူရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် တားဆီးနိုင်ရေး ပြည်သူအားလုံး လိုက်နာဆောင်ရွက်ရေးတို့ကို အသိပေးတိုက်တွန်း နှိုးဆော်ခဲ့ကြောင်း အဆိုပါ နှိုးဆော်ခြင်းသည် ကရသူရိမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြု လူနာများရှိနေပြီး ရောဂါကူးစက်ပျံ ပွားမှုကို လျော့နည်းစေရန်နှင့် ကြိုတင်ကာကွယ်ရေးများကို အပတ်စဉ် တိုက်တွန်း နှိုးဆော် ပေးနေကြောင်း သိရ သည်။
အေးအေးသန်း