နတ်မောက်မြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲတွင် ၂၀၂၁ ခုနှစ် မိုးရာသီ စိုက်ပျိုးရေးစရိတ် ချေးငွေများ ထုတ်ချေးပေးလျက်ရှိ

နတ်မောက်  စက်တင်ဘာ   ၂၉

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူကြီး များအား ၂၀၂၁ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများကို မေလ(၂၇)ရက်နေ့ မှစတင်ပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး   လမ်းညွှန်ချက်များနှင့်အညီ ထုတ်ချေး ပေးလျက်ရှိကြောင်း သိရသည်။

၂၀၂၁ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့ နံနက် ၉ နာရီခွဲ အချိန်ခန့်က    အိုင်ဇောက် ကျေးရွာအုပ်စု၊ /ဂွေးချိုကျေးရွာ၊  တွင်းကြီးကျေးရွာ၊   ချောင်းနက်ကျေးရွာအုပ်စုများမှ    ဘဏ်အဖွဲ့ဝင် တောင်သူ(၂၆၁)ဦးသို့ စပါး(၁၂)ဧက၊   နှမ်း(၁၀၆၇)ဧက၊    မြေပဲ(၄၂၂)ဧက အတွက် ချေးငွေပမာဏကျပ် (၁၅၀၇.၀၀)သိန်း ထုတ်ချေးပေး လျက်ရှိပြီး (၂၈--၂၀၂၁) ရက်နေ့အထိ ကျေးရွာအုပ်စု(၆၄)အုပ်စုမှ ဘဏ်အဖွဲ့ဝင်တောင်သူ (၇၆၈၄)ဦးသို့ စပါး (၂၄၂၅)ဧက၊ နှမ်း(၃၆၉၈၈)ဧက၊ မြေပဲ(၆၀၃)ဧကအတွက် ချေးငွေကျပ် (၄၀၈၀၆.၅၀)သိန်း ထုတ်ချေးပေးပြီး ဖြစ်ပါကြောင်း မြို့နယ်မန်နေဂျာ ဒေါ်မိုးမိုးသိန်းထံမှ သိရသည်။

သင်းသင်းမြတ်