သုံးခွမြို့နယ် အောင်ဘုံသာကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေး လိုက်လံနှိုးဆော်

သုံးခွ စက်တင်ဘာ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ပြည်သူ များ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုလျော့နည်း၊ ကျဆင်း၊ ပပျောက်စေရေးအတွက် ယနေ့ နံနက် ၈ နာရီအချိန်က  အောင်ဘုံသာ ကျေးရွာအတွင်းရှိ ပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်း များအား သိရှိလိုက်နာ ဆောင်ရွက်စေရန် အသံချဲ့စက်ဖြင့် အသိပညာပေး လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး လိုက်လံနှိုးဆော်ရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အောင်ဘုံသာကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများက အောင်ဘုံသာ ကျေးရွာအတွင်းရှိ ပြည်သူများ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်လမ်းညွှန်ချက်များနှင့် အညီ ပြည်သူများ ရောဂါကူးစက်ပြန့်ပွားမှုများ မရှိစေရန်နှင့် ကာကွယ်ထိန်းချုပ်နိုင်စေရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများအား အားလုံးကိုယ်စီ မဖြစ်မနေ လိုက်နာဆောင်ရွက်ကြရန်၊ ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ မဖြစ်မနေထွက်ခွာပါက နှာခေါင်းစည်း(Mask) စနစ်တကျ တပ်ဆင်ရန်၊ လူအများနှင့် ထိတွေ့ဆက်ဆံပါက မျက်နှာအကာ (face Shield) ကို တွဲဖက် တပ်ဆင်ရန်၊ သက်ကြီးရွယ်အိုနှင့် နာတာရှည် ရောဂါဝေဒနာရှင်များရှိရာ နေအိမ်များသို့ ဝင်ထွက်သွားလာခြင်း ဂရုပြုရန်၊ လေဝင်လေထွက် မကောင်းသော အခန်းများသို့ သွားလာခြင်းမှ ရှောင်ရှားရန်၊ လက်ကို ဆပ်ပြာနှင့် စက္ကန့် ၂၀ကြာအောင် မကြာခဏ စနစ်တကျဆေးကြောရန်၊ နှာခေါင်းစည်း(Mask) မတပ် ဆင်ထားသော ဈေးရောင်းချသူများထံမှ ဈေးမဝယ်ကြရန်၊ ရောဂါကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ သွားရောက်ဆက်သွယ်၍ မပျက်မကွက် ဆေးကုသမှုခံယူကြရန်စသည့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေးဆိုင်ရာ နည်းလမ်းများကို လိုက်နာ ဆောင်ရွက်ကြပါရန် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်