မေတ္တာ စက်တင်ဘာ ၂၉
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် မေတ္တာမြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကာကွယ် ထိန်းချုပ် နိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်များတွင် ယနေ့နံနက်(၉)နာရီက Mask Campaign ပြုလုပ် ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး Mask Campaign ပြုလုပ်ဆောင် ရွက်ကြရာ တွင် မေတ္တာမြို့ အာဇာနည်လမ်းကြီးပေါ်တွင် လမ်းသွားလမ်းလာ ဒေသခံပြည်သူများ၊ မြို့အတွင်းသို့ ဝင်ရောက်လာသည့် ခရီးသွားပြည်သူများကို နှာခေါင်းစည်း Mask များ တပ်ဆင်သွားလာခြင်း မရှိသည့် ပြည်သူများအား အခုဝယ် အခုတပ်ဆင်သည့်စနစ်ဖြင့်ဒ ဏ်ကြေးဆောင်စေပြီး အသိပညာပေး သတင်းစကားများ ပြောကြားပေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ထို့သို့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး Mask Campaign ဆောင်ရွက်ခြင်းကို မေတ္တာမြို့ အုပ်ချုပ်ရေးမှူး ဦးသူရထွန်းနှင့်ဝန်ထမ်းများ၊ နယ်မြေရဲစခန်းမှ ဒု-ရဲအုပ် အောင်မျိုးဟိန်းနှင့် တပ်ဖွဲ့ဝင်များ၊ နယ်မြေမီးသတ်စခန်းမှ လက်ထောက်ဦးစီးမှူး ဦးသူရကျော်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့စည်ပင်သာယာရေးအဖွဲ့ ဦးစီးမှူး ဦးတင်အောင်လတ်နှင့် သက်ဆိုင်ရာဌာနများ၊ ရပ်မိရပ်ဖများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မေတ္တာမြို့အတွင်း ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာစုစုပေါင်း (၃၃၈) ဦးရှိပြီး သေဆုံးလူနာ (၈) ဦး ရှိကြောင်း တာဝန်ရှိသူထံမှ သိရသည်။
မေတ္တာ(ပြန်/ဆက်)