ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်နှင့် ဓာတ်ပုံများပြသ

ဆိပ်ကြီးခနောင်တို စက်တင်ဘာ ၂၉

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် မြို့နယ်နေပြည်သူ များအတွက် အသိပညာပေးလုပ်ငန်းများကို  ဆောင်ရွက်လျက်ရှိရာ ယနေ့  နံနက်ပိုင်းတွင်လည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွား မှုဘေးမှ ပြည်သူများ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ် စာစောင်နှင့် မှတ်တမ်းဓာတ်ပုံများကို ဆိပ်ကြီးအရှေ့ရပ်ကွက်ရှိ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ရှေ့တွင် ပြဘုတ်ဖြင့် ပြသလျက်ရှိသည်။

အဆိုပါ နံရံကပ်စာစောင်ပြသရာတွင်ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများ၊ နေ့စဉ် ပြုလုပ်သင့်သည့် အသက်ရှူလေ့ကျင့်ခန်းနှင့် ရရှိမည့် အကျိုးကျေးဇူးများ၊ ကိုယ်ခံအားစနစ်ကို  ထိခိုက် စေသည့် ဆင်ခြင်သင့်သည့် အချက်များ၊ စနစ်တကျ လက်ဆေးနည်း၊ ဖျားနာကိုက်ခဲပါက လိုက်နာသင့် သည့်အချက်များ၊ ကိုဗစ်ဖြစ်ပြီး ပြန်ကောင်းလာချိန်တွင် လိုက်နာသင့်သည့်အချက်များနှင့် အခြား လိုက်နာသင့်သည့် အချက်များ စသည့် နံရံကပ်စာစောင်များနှင့် မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာလ ဘုန်းတော်ကြီး‌ကျောင်းများသို့ ဆွမ်းဆန်တော်များ ဆပ်ကပ်လှူဒါန်းမှု မှတ်တမ်းဓာတ်ပုံများနှင့် မြို့နယ် အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ဆောင်ရွက်‌မှုနှင့် ကာကွယ်ဆေးထိုးနှံမှု မှတ်တမ်း ဓာတ်ပုံများကို ပြသလျက်ရှိရာ လာရောက်ကြည့်ရှုကြသူများအား မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးမှူး ဒေါ်အေးမြမွန်က ရှင်းလင်းပြသ ပေးခဲ့ကြောင်း သိရသည်။

 

ဝေယံ(IPRD)