တမူး စက်တင်ဘာ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ကျေးရွာများသို့ ကွင်းဆင်း၍ ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်(၉)နာရီ အချိန်က ဟဲဇင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ပြည်သူများအား ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် ကျေးရွာအုပ်စုအတွင်းရှိ ဟဲဇင်း၊ ရေနန်း၊ ချောင်းဆုံ ကျေးရွာတို့မှ အသက်(၁၈)နှစ်ပြည့်ပြီး ကာကွယ်ဆေး မထိုးရသေးသော ပြည်သူများကို ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်ရောဂါဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေး လာရောက်ထိုးနှံကြသူ များအား ကာကွယ်ဆေးမထိုးနှံမှီ ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ပုံမှန်အနေအထား ရှိမှသာ ကာကွယ်ဆေးထိုးနှံခြင်း တို့ကို စနစ်တကျ ဆောင်ရွက်ပေးခဲ့သည်။
တမူးမြို့နယ်တွင် စက်တင်ဘာ(၂၆)ရက်နေ့မှ (၂၈)ရက်နေ့အထိ (၄၂၁၉)ဦး တို့အား ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများကို လည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများ အဆင်ပြေစွာ ဆောင်ရွက်နိုင်ရေးအတွက် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများမှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျော်ကြီး