မြစ်ကြီးနား စက်တင်ဘာ ၂၉
ကချင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အေးရိုးဗစ် အကြီးတန်း အငယ်တန်းအဆင့် ကျွမ်းကျင်မှု သင်တန်းဆင်းပွဲနှင့် ဆုပေးပွဲကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါရုံးရှိ ကာယကြံ့ခိုင်မှုလေ့ကျင့် ရေးခန်းမတွင်ကျင်းပရာ ကချင်ပြည်နယ်အားကစား ဆပ်ကော်မတီအ ဖွဲ့ ဥက္ကဋ္ဌ ဒေါ်နန်းစိန်အေးမှ သင်တန်းဆင်းအမှာစကား ပြောကြားခဲ့သည်။
ထို့နောက် သင်တန်းနည်းပြဆရာမ ဒေါ်အဲလစ်သန်း မှ သင်တန်းဖွင့်လှစ်မှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး ကချင်ပြည်နယ်အမျိုးသမီးအားကစား ဆပ်ကော်မတီနာကယ၊ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ဇနီး ဒေါ်နန်ဆိုင်းနှင့် ပြည်နယ်ဝန်ကြီးများ၏ ဇနီးများမှ သင်တန်းတွင်သင်ကြားပေးခဲ့သည့် သင်တန်းနည်းပြ ဆရာမများနှင့် သင်တန်းတွင် ဆုရရှိခဲ့သည့် သင်တန်းသူများအား ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများအား ပေးအပ်ခဲ့ကာ သင်တန်းနည်းပြဆရာမတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းကို စက်တင်ဘာ ၁၆ ရက်နေ့မှ ၂၉ ရက်နေ့အထိ ရက်သတ္တနှစ်ပတ်ကြာ ဖွင့်လှစ်ခဲ့ပြီး ကချင်ပြည်နယ်အတွင်းမှ အကြီးတန်းအဆင့် သင်တန်းသူ ၃၀ ဦး၊ အငယ်တန်း အဆင့် သင်တန်းသူ ၃၄ ဦး တက်ရောက်ခဲ့ပြီး သင်တန်းဆင်းပွဲအပြီးတွင် သင်တန်း နည်းပြဆရာမများနှင့် သင်တန်းသူများက အေရိုးဗစ်သရုပ်ပြ ကပြခဲ့ကြကြောင်းသတင်းရ ရှိသည်။
ခရိုင်(ပြန်/ဆက်)