ခင်ဦး စက်တင်ဘာ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ဝန်ထမ်းများမှ ရွှေဘိုပေါ်ဆန်း မိုးစပါးစိုက်ခင်းများတွင် ပိုးမွှားကင်း ထောက်မှတ်တမ်းကောက်ယူရန် Yellow Sticker များထောင်ခြင်းကို ယမန်နေ့က ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မိုးစပါးတင်း (၁၀၀)ထွက်ရှိရေး စံပြကွက်နှင့် မျိုးစေ့ထုတ် စံပြကွက်များတွင် ပိုးမွှားများ ကျရောက်နေမှု သိရှိရန်နှင့် မိတ်ဆွေပိုးနှင့် အဖျက်ပိုးမွှားများ ခွဲခြားရန် Yellow Sticker များထောင်ပြီး ပိုးမွှားကင်းထောက် မှတ်တမ်း ကောက်ယူခြင်း ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဒေါ်လှကြိုင် ထံက သိရသည်။
စိုးဝေအောင်(ခင်ဦး)