ကြံခင်းမြို့တွင်"ပန်းခင်းစီမံချက်"ဖြင့်ဆောင်ရွက်ခဲ့သော အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံ သားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနားကျင်းပ

ကြံခင်း    စက်တင်ဘာ   ၂၉

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့နယ်တွင် "ပန်းခင်းစီမံချက်" ဖြင့်ဆောင်ရွက်ခဲ့သော ကြံခင်းမြို့နယ် ရဲတပ်ဖွဲ့နှင့် မိသားစုဝင်များ၏ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နေ့လည်ပိုင်း က ကြံခင်းမြို့ဧရာဦးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနကြံခင်းမြို့နယ် ဦးစီးမှုးရုံးမှဦးစီးအရာရှိ ဦးဝင်ထူးမှ မြို့နယ်ရဲတပ်ဖွဲ့မှုး ယာယီရဲမှုးကျော်ကိုကိုထံသို့မြို့နယ် ရဲတပ်ဖွဲ့နှင့်မိသားစုဝင်များ၏ အိမ်ထောင်စု လူဦးရေစာရင်း(၂၁)ခု နှင့်နိုင်ငံသားစိစစ်ရေးကတ် ပြား (၁၄)ခုအားပေးအပ်ခဲ့ကြောင်း သိရသည်။

ပေးအပ်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးသိန်းတန်နှင့်အဖွဲ့များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှုးဦးထွန်းသန့်ဇင်မျိုး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကြံခင်းမြို့နယ်ဦး စီးမှုးရုံးမှ မြိုနယ်ဦးစီးမှုးဦးဝင်ထူး နှင့်ဝန်ထမ်းများ၊မြို့နယ်ရဲတပ်ဖွဲ့မှုး ယာယီရဲမှးကျော်ကိုကိုနှင့် တာဝန်ရှိသူများတတ် ရောက်ခဲ့ကြကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)