အောက်ဆီဂျင်စက်ထားရှိရန် အဆောက်အဦ ဆောက်လုပ်မှုတွင် အသုံးပြုရန်အတွက် အလှူငွေများ လာရောက်လှူဒါန်း

ပင်လောင်း   စက်တင်ဘာ   ၂၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ပင်လောင်းမြို့နယ်တွင် ရှမ်းပြည်နယ်အစိုးရ အဖွဲ့မှ ထောက်ပံ့သည့် Oxygen Plant ရောက်ရှိလာပါက ထားရှိရန် အဆောက်အဦကို မြို့နယ် ပြည်သူ့ဆေးရုံ၀င်းမြေကွက်လပ်တွင် ဆောက်လုပ်လျက်ရှိရာ လိုအပ်သည့်ပစ္စည်းများ၀ယ်ယူရန် အလှူငွေများကို ယနေ့မွန်းလွဲပိုင်းက အလှူရှင်များက လာရောက်လှူဒါန်းခဲ့ကြသည်။

ပင်လောင်းမြို့ အရှေ့ရပ်ကွက်မှ ဦးညီညီစိုး+ ဒေါ်နန်းနယတင်မိုးခိုင် မိသားစုက အလှူငွေ ကျပ်(၃)သိန်း၊ နှစ်ဖက်သောမိဘများအား ရည်စူး၍ ပင်လောင်းမြို့ မင်္ဂလာကွက်သစ်ရပ်ကွက်မှ (ဦးစိုင်းကောင်ခမ်း)+ ဒေါ်နန်းမြစိန် မိသားစုက အလှူငွေ ကျပ်(၃)သိန်း တို့အားပင်လောင်းမြို့နယ် ဆေးရုံသို့ လာရောက်လှူဒါန်း ခဲ့ခြင်းဖြစ်ပြီး အဆောက်အဦ ပြီးစီး၍ အောက်ဆီဂျင်စက် ထားရှိပြီး အောက်ဆီဂျင်ထုတ်လုပ်နိုင်ပါက တစ်နေ့လျှင် ၄၀လီတာဆန့် ဆလင်ဒါအိုး(၁၅) လုံးခန့်ထုတ်လုပ်ပေးနိုင်မည်ဖြစ်ပြီး ပင်လောင်းမြို့နယ်ဆေးရုံနှင့် တိုက်နယ် ဆေးရုံ လေးရုံတွင်တက်ရောက် ဆေးကုသမှုခံယူလျက်ရှိသော လူနာများအတွက် အောက်ဆီဂျင် လိုအပ်လာပါက အဆင်ပြေလွယ်ကူစွာအသုံးပြုနိုင်ပြီးများစွာအကျိုး ဖြစ်စေနိုင်ကြောင်း သိရှိရသည်။

ထွန်းလင်း(ပင်လောင်း)