ရေဦး စက်တင်ဘာ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦးမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်တွင်း ကိုဗစ်ရောဂါ ထိန်းချုပ်နိုင်ရေး ကျန်းမာရေးစစ်ဆေး ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ပြင်ပလူနာဌာနနှင့် ကိုဗစ်စင်တာမှ နာရီပိုင်း အတွင်း ပိုးတွေ့မတွေ့ သိရှိနိုင်သည့် RDT "Test Kit " ဖြင့်စစ် ဆေးခဲ့ရာ ပိုးတွေ့လူနာသစ် ၁၁ ဦး ထပ်မံတွေ့ရှိခဲ့သည်။
ပိုးတွေ့ရှိသူများမှာ မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများမှ ပြင်ပလူနာဌာနသို့ ဆေးပြလာသူများ၊ သံသယ လူနာများဖြစ်ကြောင်း သိရသည်။
ရေဦးမြို့နယ်တွင် ကိုဗစ်တတိယလှိုင်း သုံးလပြည့်သည်အထိ ပိုးတွေ့လူနာ၆၉၆ ဦး၊ သေဆုံးသူ ၅၆ဦးဆေးရုံမှ ဆင်းခွင့်ရရှိသူ၅၆၅ ဦး၊ လွှဲပြောင်းလူနာ၁ ဦး၊ ဆေးကုသမှုခံယူနေသူ ၇၄ ဦးရှိ ကြောင်းကုသရေးဦးစီးဌာနမှ သိရသည်။