ပန်လုံ အောက်တိုဘာ ၁
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ နံနက် (၁၀)နာရီအချိန်က အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Vero Cell) ကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပထမ အကြိမ် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးထိုးလုပ်ငန်းကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသိန်းက အနီးကပ်ကြီးကြပ်၍ မြို့အဆင့်ဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာနဝန်ထမ်းများ၊ တာဝန်ကျ ဌာနဆိုင်ရာများက ကာကွယ်ဆေးထိုးမည့်သူများအား တစ်ဦးနှင့်တစ်ဦး(၆)ပေ အကွာနေရာ သတ်မှတ်ပေးခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်ဆေးပေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်း၊ စာရင်းသွင်းခြင်းတို့ကို စနစ်တကျစီစဉ်ကာ ကာကွယ်ဆေး ထိုးခြင်း လုပ်ငန်းကို အချိန်တိုအတွင်း ပြီးမြောက်အောင် ဆောင်ရွက်ပေးခဲ့သည်။
ယနေ့တွင် ပန်လုံမြို့မှ အသက်(၁၈)နှစ်အထက် သံဃာတော် (၄)ပါးနှင့် ကျား(၃၅၁)ဦး၊ မ (၃၄၅) ဦး၊ စုစုပေါင်း(၇၀၀)ဦး တို့အား ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ပန်လုံ ပြန်/ဆက်