ပြင်ဦးလွင် မြို့နယ်တွင် Hand Speaker အသုံးပြု၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အသိပညာပေးလျက်ရှိ

ပြင်ဦးလွင် အောက်တိုဘာ ၁

ပြင်ဦးလွင် မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးနှိုးဆော်မှုကို စက်တင်ဘာ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီတွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ စုပေါင်း ဆောင် ရွက်ခဲ့ကြသည်။ ထိုသို့ဆောင်ရွက်ရာတွင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးမှ ကိုရိုနာဗိုင်းရပ်(COVID-19)ကိုမိမိကစ၍ကာကွယ်ပါ အဓိက သတင်းစကား(၁၀)ချက်၊ ကိုဗစ်-၁၉ ရောဂါဖြစ် ပွားစဉ်ကာလ မိမိနေအိမ်တွင် နေထိုင်စဉ်အတွင်း ကျန်းမာစွာနေထိုင်ရေး( Healthly Stay at Home) အတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ပါးစပ်နှင့်နှာခေါင်း စည်း (Surgical mask) စနစ်တ ကျအသုံးပြုနည်းများကို Hand Speaker အသုံးပြု၍ ပြင်ဦးလွင်မြို့ရှိ ရပ်ကွက်ကြီး(၁)နှင့်ရပ်ကွက်ကြီး(၃)ရှိလူ စည်ကားရာ နေရာများတွင်ကြေညာပေးခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်ဆက် (ပြင်ဦးလွင်)