Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မိုင်းပျဉ်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ် ထိုးနှံပြီးသူ (၂၂၃၅)ဦး ရှိပြီဖြစ်
Oct 01,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမဖြစ်စေရေးနှင့် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် သတ်မှတ်ထားသောဉီးတည်အုပ်စုများအား ဦးစားပေး အစီအစဉ်အလိုက် ကာကွယ်ဆေး ထိုးနှံခြင်းကို ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၂၀ ရက်နေ့မှ ယမန်နေ့အထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ် ထိုးနှံပြီးသူ (၂၂၃၅)ဦး ရှိပြီဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးမည့်နေရာပြောင်းလဲမှုအား အသံချဲ့စက်ဖြင့်လိုက်လံအသိပေး
Oct 01,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံသည့် နေရာပြောင်းလဲထိုးနှံမည့်နေရာများကို ပြည်သူများသိရှိစေရန်အတွက် ယမန်နေ့ ညနေ ၃နာရီ အချိန်နှင့် အောက်တိုဘာ ၁ရက်၊ နံနက် ၆နာရီအချိန်တို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမည့်နေရာများအား ညောင်ဦးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်မြို့နယ်မီးသတ်ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းများအသံချဲ့စက်ဖြင့် ကျေးရွာ/ရပ်ကွက်များသို့ လိုက်လံအသိပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ငါးဦး ဆေးရုံဆင်းခွင့်ရသဖြင့် စုစုပေါင်း ဆေးရုံဆင်းသူ ၃၃၇ ဦးအထိရှိလာ
Oct 01,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် စက်တင်ဘာ ၃၀ ရက်က ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသူ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ငါးဦးအား ဆေးရုံဆင်းခွင့်ပြုခဲ့ရာ စုစုပေါင်း ဆေးရုံဆင်းခွင့်ရသူ ၃၃၇ ဦးအထိ ရှိလာကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု ထပ်မံတွေ့ရှိလူနာ ၁၁ ဦး နှင့် အတည်ပြုလူနာ စုစုပေါင်း ၄၂၁၅ ဦးရှိ…
Oct 01,2021
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်အတွင်း ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့ ညနေ ၅ နာရီ အချိန်ထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၁ ဦး ထပ်မံ တွေ့ရှိပြီး အတည်ပြု လူနာ စုစုပေါင်း ၄၂၁၅ ဦး ရှိကြောင်း၊
အပြည့်အစုံ ဖတ်ရန်
ကျွန်းစုမြို့တွင် ကိုဗစ် -၁၉ ရောဂါ ဖြစ်ပွားပြီးသူများအား အလှူငွေများ ထောက်ပံ့
Oct 01,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားပြီးသူများအား ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ကျွန်းရတနာခန်းမ၌ ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် ငွေကျပ်(၃၀၀၀၀)ကျပ်စီ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စေတနာရှင် ပြည်သူများ လှူဒါန်းသည့် အောက်စီဂျင်အိုး တစ်ရက်လျှင် အလုံး ၁၀၀ မှ၁၂၀ ခန့်ထွက်ရှိမည့် အောက်စီဂျင်စက် ပုလောမြို့သို့ ရောက်ရှိ
Oct 01,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်အတွင်း ကိုဗစ်−၁၉ ရောဂါ ပိုးတွေ့ ရှိသူများနှင့် အောက်စီဂျင်လိုအပ်သူများကို အသုံးပြုရန်အတွက် လှူဒါန်းထားသည့် အောက်စီဂျင်စက်သည် ယမန်နေ့ ညနေ ၂နာရီက ပုလောမြို့သို့ ရောက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပလောက်မြို့တွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် ထရမ်စဖော်မာ ဆီယိုစိမ့်မှုမရှိစေရေးစစ်ဆေးခြင်းဆောင်ရွက်
Oct 01,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ကျောက်တောင်ကျေးရွာတွင် လျှပ်စစ် အန္တရာယ် ကင်းရှင်းရေးအတွက် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် (200 KVA) ထရမ်စဖော်မာ ဆီယိုစိမ့်မှုမရှိစေရေး စစ်ဆေး ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီက ပလောက်မြို့၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး ရေးလုပ်ငန်းမှ စစ်ဆေး ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းရယ်မြို့နယ်၌ ရပ်ကွက်၊ ကျေးရွာအတွင်းရှိ အသက် (၁၈) နှစ်ပြည့်ပြီး ဆေးထိုးနှံခွင့်ရှိသည့် အလွှာအသီးသီးမှ ပြည်သူများအား ကာကွယ်ဆေးထိုးနှံ
Oct 01,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် ဆေးထိုးရန်ကျန်ရှိသည့် နိုင်ငံ့ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများ၊ မြို့ပေါ်ရပ်ကွက်၊ ကျေးရွာအတွင်းရှိ အသက် (၁၈) နှစ်ပြည့်ပြီးသူများ၊ စားသောက်ဆိုင်၊ ဈေးဆိုင်နှင့် ကုန်ပစ္စည်းများ ရောင်းချသူများ၊ ရွှေ့ပြောင်း လူအုပ်စုနှင့် ယာယီစခန်းမှ လူပုဂ္ဂိုလ်များ၊ အခြားဝင်ငွေရှိသော လုပ်ငန်းလုပ်ကိုင်သူများ၊ မသန်စွမ်းသူများနှင့် နာတာရှည်ရောဂါရှိသူများစသည့် အလွှာအသီးသီးမှ ပြည်သူများအား ယမန်နေ့ နံနက် ၁၀ နာရီက မိုင်းရယ်မြို့၊ နမ့်ရယ်ခန်းမ၌ ကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25353
Page
25354
Page
25355
Page
25356
Current page
25357
Page
25358
Page
25359
Page
25360
Page
25361
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department