Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဒေါပုံမြို့နယ်တွင် ပြည်သူ့အတွက် ပန်းခင်းစီမံချက် ဗီနိုင်းပိုစတာများစိုက်ထူ
Oct 01,2021
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ပြည်သူ့ အတွက် ပန်းခင်း စီမံချက် ဗီနိုင်းပိုစတာနှင့် လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့ ပိုစတာများ ကို ယမန်နေ့ မွန်းလွဲပိုင်းက ဒေါပုံမြို့နယ် လ.၀.က ဦးစီးမှူး ဦးမိုးကျော်သူညွန့်နှင့် ဝန်ထမ်းများက လူစည်ကားရာနေရာများဖြစ်ကြသည့် မြို့နယ် လ.၀.က ရုံးရှေ့တွင် လည်းကောင်း၊ သင်္ဘောကျင်း လူကူးခုံးကျော်တံတား အောက်တစ် ဖက်တစ်ချက်စီတွင်လည်းကောင်း မြို့ သစ်ရပ်ကွက်ရှိ ဒေါပုံစျေးရှေ့တွင်လည်းကောင်း ပြည်သူများ သိရှိနိုင်ရန်အတွက် ဗီနိုင်းပိုစတာ များ စိုက်ထူခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကယားပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ယနေ့ထပ်မံတွေ့ရှိသူ (၉၀) ဦးရှိပြီး ယနေ့ထိ ဆေးရုံဆင်းခွင့်ရသူ (၂၈၃၅)ဦးရှိ
Oct 01,2021
လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် Genexpert ဖြင့် (၄)ဦး စစ်ဆေးခဲ့ရာ (၄) ဦး ပိုးတွေ့ရှိခဲ့ပြီး ကယားပြည်နယ်အတွင်းရှိ မြို့နယ်များတွင် Quarantine ထားရှိသူများနှင့် စက်တင်ဘာလ (၃၀)ရက်နေ့အထိ အနံ့ပျောက်၍ လာရောက်ပြသသူများ၊ ၎င်းတို့နှင့်ထိတွေ့ ဆက်စပ်သူ(၂၆၂) ဦးတို့အား Covid-19 Antigen Rapid Diagnostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ (၈၆) ဦး ပိုးတွေ့ရှိပြီး ပိုးတွေ့လူနာသစ် (၉၀)ဦး မှာ Positive ဖြစ်ပါသဖြင့် ၎င်းပိုးတွေ့လူနာများအနက် လွိုင်ကော် ပြည်သူ့ဆေးရုံကြီးတွင် (၁၇) ဦး၊ လွိုင်ကော်မြို့နယ်ရှိ(PMC) တွင်(၃၇)ဦး၊ ဖရူဆိုမြို့နယ်ဆေးရုံတွင်(၇)၊ ဘောလခဲမြို့နယ်ဆေးရုံတွင် (၅)ဦး၊ ဘောလခဲမြို့နယ်(PMC)များတွင် (၂၁)ဦး၊ ဖားဆောင်းမြို့နယ်ရှိ (PMC)များတွင် (၂)ဦး၊ မယ်စဲ့မြို့နယ်ဆေးရုံတွင်(၁)ဦး ထားရှိကုသပေးလျက်ရှိကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်အတွင်း သန့်ရှင်းသာယာ လှပစေရေးအတွက် မြက်ချုံနွယ်များနှင့် သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းဆောင်ရွက်
Oct 01,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်အတွင်း သန့်ရှင်းသာယာ လှပစေရေး၊ ခြင်များခိုအောင်းမှု မရှိစေရေးနှင့် ရောဂါဖြစ်ပွားမှုမရှိစေရန် ရည်ရွယ်၍ သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေစီးရေလာ ကောင်းမွန်ရေးအတွက် ရေမြောင်းများ ပြန်လည် တူးဖော်ခြင်း၊ အမှိုက်များ ရှင်းလင်းခြင်းနှင့် မြက်ချုံနွယ် များ ရှင်းလင်းခြင်းကို မြို့နယ်စည်ပင်သာယာရုံး ဝန်ထမ်းများက နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့တွင် အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေး သင်တန်းဖွင့်
Oct 01,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးရွာများ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်သော ကျေးရွာများ ပေါ်ထွက်လာစေရန်နှင့် ကျေးရွာလူနေမှုဘဝများ
အပြည့်အစုံ ဖတ်ရန်
လက်ပံတန်းမြို့နယ်တွင် မြို့နယ်တွင် အသက်(၈၅)နှစ်နှင့် အထက်သက်ကြီးဘိုးဘွား (၁၁၅၅)ဦးတို့အား လူမှုရေးပင်စင်ထောက်ပံ့ ပေးအပ်
Oct 01,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် အသက် (၈၅)နှစ် နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ငွေများကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ရပ်ကွက်/ကျေးရွာ အုပ်စုများမှ အုပ်ချုပ်ရေးမှူးများအား ထုတ်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး မြန်မာနှင့်ပိုးကရင်ဘာသာ နှစ်ဘာသာဖြင့် အသိ ပညာပေးနှိုးဆော်
Oct 01,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးနှင့် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများကို သိရှိနိုင်ရန်အတွက် မြန်မာဘာသာနှင့် ပိုးကရင်ဘာသာဖြင့် အသိပညာပေး လိုက်လံနှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ်တွင် ဘုန်းတော်ကြီးကျောင်းအတွက် ဆွမ်းဆန်/ဆီ/ကြက်ဥများ ဆက်ကပ်လှူဒါန်း
Oct 01,2021
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် စစ်ဗျူဟာအခြေချ(လှိုင်းဘွဲ)စစ်ဗျူဟာမှူးနှင့် တပ်ရင်း/ တပ်ဖွဲ့များက အောင်မြင်သာယာဘုန်းတော်ကြီးကျောင်းရှိ ရဟန်း/သံဃာများ ဆွမ်းဆန်များ အခက်အခဲ မရှိစေရန်အတွက် ဆွမ်ဆန်/ဆီ/ကြက်ဥများ ဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့က ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ် စာဖတ်ဝိုင်းကျင်းပ
Oct 01,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်း အမှတ် အဖြစ် စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25352
Page
25353
Page
25354
Page
25355
Current page
25356
Page
25357
Page
25358
Page
25359
Page
25360
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department