ကွန်ဟိန်းမြို့၌ ကျောက်မဲမြို့နယ်မှ စစ်ဘေးရှောင်ရောက်ရှိနေသည့် ပြည်သူများအား ထောက်ပံ့ငွေများပေးအပ်

ကွန်ဟိန်း အောက်တိုဘာ ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၊ ဝမ်လောကျေးရွာအုပ်စု၊ ကုန်းဆာကျေးရွာ၌ ကျောက်မဲ မြို့နယ်မှ စစ်ဘေးရှောင်ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက် (၁၀:၀၀) နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ယင်းသို့ ထောက်ပံ့ရာတွင် စစ်ဘေးရှောင် အိမ်ထောင်စု(၇၂)စု၊ ကျား+မ (၂၃၉)ဦး တို့အတွက်  နမ့်ခုံးပရဟိတအသင်းမှ ငွေကျပ်နှစ်သိန်း (၂၀၀,၀၀၀/-) ကျပ်နှင့် မြို့နယ်အတွင်းရှိ ဌာန ဆိုင်ရာများမှ ငွေကျပ်ငါးသိန်းရှစ်သောင်းငါးထောင် (၅၈၅,၀၀၀/-) ကျပ်အား စစ်ဘေးရှောင် ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါ ထောက်ပံ့ခြင်းအား စစ်ဗျူဟာအဖွဲ့(အခြေချ) ကွန်ဟိန်း၊ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မျိုးမင်းလတ်နှင့် အရာရှိ စစ်သည်များ၊‌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းနိုင်နှင့် အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ မှ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြည့် (ကွန်ဟိန်း)