တနင်္သာရီမြို့နယ်မြန်မာ့စီးပွါးရေးဘဏ်(ခွဲ)၌ အငြိမ်းစား(၂၃၅)ဦးအားပင်စင်လစာငွေများ ပုံမှန်ထုတ်ပေးလျက်ရှိ

တနင်္သာရီ  အောက်တိုဘာ   ၁

 တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်မြန်မာ့စီးပွါးရေးဘဏ်(ခွဲ)တွင်၂၀၂၁ခုနှစ်၊စက်တင်ဘာလအတွက် အငြိမ်းစားဝန်ထမ်းများ၏ပင်စင်လစာငွေများကို စက်တင်ဘာလ၂၁ရက်နေ့မှစ၍လကုန်ရက်အထိ အငြိမ်းစားဝန်ထမ်းပေါင်း(၂၃၅)ဦးအားကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး ထုတ်ပြန်ချက်နှင့်အညီ အေးချမ်းစွာပုံမှန်ထုတ်ပေးလျက်ရှိကြောင်း မြို့နယ်မြန်မာ့စီးပွါးရေးဘဏ်(ခွဲ)မှ သိရသည်။

တနင်္သာရီမြို့နယ်မြန်မာ့စီးပွါးရေးဘဏ်တွင် ၂၀၂၁ခုနှစ်၊ စက်တင်ဘာလအတွက် ပင်စင်လစာထုတ်ယူရန်အငြိမ်းစားဝန်ထမ်းပေါင်း(၄၂၅)ဦးရှိကြောင်း၊ ထိုသို့ပင်စင်လစာငွေလာရောက်ထုတ်ယူရာတွင် ပိုမိုအဆင်ပြေချောမွေ့စေရေးအတွက်အ ငြိမ်းစားဝန်ထမ်းများက ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက်ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကိုစနစ်တကျတပ်ဆင်လာပြီး၊ တစ်ဦးနှင့်တစ်ဦး(၆)ပေအကွာမှထိုင်စောင့်၍ အသက်ကြီးသူများကိုဦးစားပေးကူညီဖေးမခြင်းတို့ဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြပါရန် ဘဏ်မန်နေဂျာက မေတ္တာရပ်ခံပန်ကြားထားကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း